အချစ်ဆိုသောအရာသည် နူးညံ့သိမ်မွေ့၏။ ဆန်းကြယ်၏။ တစ်ခါတစ်ရံတွင် အတ္တဆန်၏။ တစ်ချိန်တည်းမှာပင် ကြမ်းတမ်းခက်ထန်တတ်၏။ ဆိတ်ငြိမ်အေးချမ်းသောအရာဟု ခံစားမိသောတစ်ပြိုင်နက်တည်းတွင် ပူလောင်ပြင်းပြသောအရာမှန်း လက်ခံရ၏။ မိမိ၏အလိုကိုလိုက်သယောင်ရှိသော်လည်း သူ၏အလိုကိုလိုက်ရ၏။ ဗုဒ္ဓသည် အချစ်ကိုမဟောကြား၊ မေတ္တာကိုသာဟောခဲ့၏။ တဏှာကိုသာဟောခဲ့၏။ မည်သို့ပင်ဆိုစေကာမူ မနုဿလူသားအပေါင်းတို့သည် ထိုအချစ်၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် လှုပ်ရှားအသက်ရှင်ကာ "အချစ်နှင့်အရာရာကိုအကောင်းအတိုင်း" ဟုဟစ်အော်ကြွေးကြော်ကြကုန်၏။
8 parts