အဝတ် စား အမြန်လဲကာ အိမ်မကြီး ဘေးမှ ပတ်ထွက် ရင်း အိမ် ရှေ့ပေါက်မှ ဝင်လာခဲ့သည်။ အိမ်ရှေ့ အရောက် သော်တာ ထွန်းနှင့် ပိုးရတီတို့ ထွက်လာ နေသည်ကို မြင်လိုက်ရ၏။ " ဖိုးလုံး ... ခုန ... နင် ဘယ်သွားနေတာလဲ ... မာမီ ခေါ်နေတယ် " " နောက်ဖေး ...... ဟို ဟို " " ကဲ ... တော်ပြီ ......... အူကြောင်ကြောင်နဲ့ ... မာမီ ဘာဝယ်ခိုင်းမလဲ ...... မသိဘူး ... သွားလိုက်ဦး " " ဟုတ် " " လာ ... သဲ ... သော်သော်တို့လည်း ... ရုပ်ရှင် ဒိုးမယ် "သော်တာထွန်းမှာ ဖိုးလုံးအား ပြောရင်း ပိုးရတီအား တဆက်တည်း ပြောကာ ၂ယောက်သား ထွက်လာခဲ့ လိုက် ၏။ " ဟင် ...... သော်သော့် ကား ...... ကိုကို ယူသွား ပြန်ပြီ ... ထင်တယ် " " ကဲပါ ... သော်သော်ရယ် ... ပိုး ကားနဲ့ပဲ ... သွားရအောင် ... လက်မှတ် မမှီပဲ ... နေမယ် " " တောက် .......သူ့ကားက .. ဘောလုံးပွဲ ရှုံးလို့ ပေါင်ထားတာ ...... သဲ ရ " " သူ့ကားသူ ပေါင်တာပါ ... သော်သော့် ကားတော့ ... မလုပ်ရဲ လောက်ပါဘူး ... သွားကြစို့ " ၂ယောက်သား ပိုးရတီAll Rights Reserved
1 part