ကျီယွဲ့၊ ချင်နိုင်ငံ၏ဘုရင်၊ သူ့နာမည်ကိုကြားလိုက်ရရုံနှင့် ခုနစ်ပြည်ထောင်ကလူတိုင်းကို ကြောက်ရွံ့သွားစေနိုင်သည့် အာဏာရှင်မင်းတစ်ပါး။ သို့ပေမဲ့ လှပသောသွင်ပြင်လက္ခဏာတွေပိုင်ဆိုင်ထားသည့် နှစ်လိုဖွယ်ကောင်းကာ ထိခိုက်လွယ်၊ အားနည်းသူတစ်ယောက်ကတော့ သူ့လိုလူရှေ့မှာတောင် အာဏာရှင်တစ်ဦးလိုပြုမူရဲလေသည်။ ဘုရင်ငယ်လေးက သူ့အရှေ့ရှိ မည်သည့်ယောက်ျားသားကိုမဆို တုန်လှုပ်သွားစေနိုင်သောအလှတရားကိုပိုင်ဆိုင်ထားသည့် လူငယ်လေးအား စိုက်ကြည့်နေရင်း သူ၏လည်ပင်းထက်၌ အေးစက်စက်ဓားမြှောင်တစ်ချောင်းကို တင်ထားလေသည်။ ထို့နောက် နားထောင်နေသူမည်သူမဆို တစ်ကိုယ်လုံးတောင့်တင်းသွားစေနိုင်သော စကားလုံးတွေကို ကြားလိုက်ရ၏။ "ဝေ့လျန်၊ မင်း ပုန်ကန်ချင်လား။" ဝေ့လျန်က ပြုံးလိုက်ကာ အသံပိုင်ရှင်၏နှုတ်ခမ်းပါးတွေကို သူ့လက်ချောင်းလေးဖြAll Rights Reserved