အရမ်းကိုပဲထူးဆန်းတဲ့ အဖြစ်တစ်ခုကိုငါကြုံကြိုက်လိုက်ရတယ်။ ငါကြုံတယ်။ ငါကြိုက်သွားတယ်။ ဘုရားသခင်ကလား။ တခြားdimensionကတစ်ယောက်ယောက်ကလား။ မှော်ဆရာကလား။ ဂြိုလ်သားတွေကလား။ စာရေးဆရာကလား။ ကံကြမ္မာကလား။ အကြောင်းတစ်ခုကြောင့် ငါ့ရဲ့ဖြစ်တည်မှုက နေရာလွဲမှားကုန်တယ်လေ။ ငါက သမိုင်းမှာဘယ်တုန်းကမှမရှိတဲ့ခေတ်ကို ရောက်သွားပြီးတော့ အဲ့ခေတ်ကို အုပ်ချုပ်ပစ်လိုက်တယ်။ ငါ မကြီးမြတ်နိုင်တဲ့ ပျင်းစရာကောင်းတဲ့၂၀ရာစုဝန်းကျင် ကမ္ဘာကြီးကနေထွက်ပြီးတော့ ငါကြီးမြတ်နိုင်တဲ့ ပါဗလိုမာ လန်ဒါးယားခေတ်ကို။ အရမ်းကိုပျော်စရာကောင်းတာပဲ သိလား.