' အချစ်' ဆိုတာဘာလဲလို့ ကျွန်တော့်ကိုမေးခဲ့ရင် ' အချစ် ဆိုတာဘာကိုပြောတာလဲ' လို့ကျွန်တော်မေးမိမယ် ထင်တယ်။ အေးစက်တောင့်တင်းနေတဲ့ညတွေ မှာ ကျွန်တော် တစ်ယောက်တည်း ဂွမ်းစောင်ထူထူအောက်မှာ အထီးကျန်စွာအိပ်စက်ရတယ်။ ကိုယ်ငွေ့ပေးမယ့် ကျွန်တော့် အတွက် လူတစ်ယောက်မရှိဘူး။ မိဘနှင့ ်ဝေးတဲ့နေရာမှာ ငွေ ဆိုတဲ့အရာတစ်ခုတည်းအတွက်အခုလို မွေးရပ်မြေနဲ့ဝေးရာကိုထွက်ခွာခဲ့ရတယ်။ နေတဲ့နိုင်ငံက ဘယ်လောက်ပဲတိုးတက်နေပါစေ။ ကျွန်တော်က မွေးရပ်ဖြစ်တဲ့ မြန်မာနိုင်ငံ ကိုပဲလွမ်းတယ်။ မိဘ တွေကိုလွမ်းတယ်။ အထူးသဖြင့် အမေ့လက်ရာ ဟင်းတွေကို လွမ်းတယ်။All Rights Reserved