ဒီဘဝမှာ ကုန်းဝူဟွမ် မဖြေရှင်းနိုင်တဲ့ အကြီးမားဆုံး ကိစ္စက ကုန်းချန်ရှောင်းပဲ။ "မိန်းမ မင်းယောကျာ်းကို သတ်လို့မရဘူးလေ။နားလည်လား?မဟုတ်ရင် ဘယ်သူက မင်းအိပ်ရာကို နွေးသွားအောင်လုပ်ပေးပြီး ညကျရင် မင်းကို စောင့်ကြည့်ပေးမှာလဲ" "မိန်းမ ဆက်ပြီးတိုက်ခိုက်မနေနဲ့တော့ ယောကျာ်းရဲ့ကိုယ်ခံပညာက အရမ်းစွမ်းအားကောင်းတာမလို့ မင်းကို မတော်တဆ ခိုက်မိသွားမှာ စိုးရိမ်တယ်။ကိုယ့်နှလုံးသားလေး နာကျင်ရလိမ့်မယ်" သူမက လက်နက်ပုန်းထုတ်ပြီး ပစ်လိုက်ပေမယ့် လွဲချော်သွားခဲ့တယ်။ "မိန်းမ မင်းယောကျာ်းရဲ့ ဒုတိယညီလေးကို မလုပ်ရဘူးလေ။သူမရှိရင် မင်းပျော်ရမှာမဟုတ်တော့ဘူး" ဖက်! သူမက သူ့ပါးကို ဒေါသတကြီးရိုက်လိုက်ပြီး ပစ်မှတ်ကို ထုရိုက်ပစ်လိုက်တယ်။သူမ အံ့ဩသွားခဲ့တယ်။ သူ့မျက်နှာက ပျော်ရွှင်မှုနဲ့ပြည့်နှက်နေတာကို မြင်လိုက်ရတယ်။All Rights Reserved