အလွမ်းဓာတ်ခံ ရှိတဲ့ အသည်းမို့ ထင်ပါရဲ့ အစ်ကို။ ကျွန်တော်ဟာ အစ်ကို့နာမည်လေးကြားရင်လည်း လွမ်းတယ်။ အစ်ကို့ အသံလေးကြားရင်လည်းလွမ်းတယ်။ အစ်ကို့ အပြုံးကို မြင်ရင်လည်း လွမ်းတယ်။ အစ်ကို့ မျက်ဝန်းတွေကို ခိုးကြည့်မိတိုင်းလည်းလွမ်းတယ်။ မျက်စိရှေ့မှာ မြင်နေရပေမယ့်လည်း လွမ်းတယ်။ နောက်နှောင် မမြင်ရတော့မဲ့ ကျောပြင်ကျယ်ကိုလည်း လွမ်းတယ်။ ကျွန်တော်ဟာ အစ်ကိုနဲ့ ပတ်သတ်သမျှ ရင်ထဲက တဆစ်ဆစ်နာတဲ့ ထိကို လွမ်းတယ် အစ်ကို။ အဲ့ဒါ ကျွန်တော် ဖော်ပြနိုင်တဲ့ တစ်ခုတည်းသော ကျွန်တော့ ခံစားချက်ပါပဲအစ်ကို...... #ရေစီးသွင်All Rights Reserved