မြူခိုးတွေမှိုင်းဝေနေတဲ့နေ့မှာမွေးဖွားလာတဲ့ ရေသူတိုင်းပြည်ရဲ့မင်းသားလေး မြူခိုးမှိုင်း ကျောက်စိမ်းပင်လယ်ရဲ့မြူခိုးလေးလို့တောင် တင်စားကြတဲ့မင်းသားလေးဟာ ရေသူတွေ ကျောက်စိမ်းပင်လယ်ကြီးကိုအုပ်စိုးနိုင်အောင် လုပ်ပေးခဲ့တဲ့သူလည်းဖြစ်တယ် ကျောက်စိမ်းပင်လယ်တစ်ခုလုံးက သူ့ကိုလေးစားချစ်ခင်စွာနဲ့ ဘွဲ့အမည်နာမတစ်ခုလည်း ပေးအပ်ထားသေးရဲ့ "ရေသူအရှင်"တဲ့။ ကြီးမြတ်တဲ့ရေသူအရှင်ရဲ့အနားမှာတော့ မြင့်မြတ်တဲ့ငွေရောင်အမြီးပိုင်ရှင် စစ်သူကြီးမုဒ္ဒရှိပါလေကြောင်း။