၁၉၆၆ခုနှစ်တွင် ပြန်လည်မွေးဖွားလာခဲ့သော ပေ့ယောင်သည် လေးနှစ်အရွယ် ဖက်ထုပ်လုံးလေးတစ်ယောက် ဖြစ်လာလေ၏။ နောင်အနှစ် ၂၀အကြာ၌ သူမကို တိတ်တခိုးချစ်ကြိုက်သွားမည့် ကပ်ဆိုးဆောင်ကြဉ်းနတ်ဆိုး၏ မျက်နှာချင်းဆိုင်အိမ်မှာ နေထိုင်ဖို့ဖြစ်လာရင်း ထိုနတ်ဆိုး ဖေ့ချွမ်းကတော့ ယခုတွင် မသန်မစွမ်းအခြေအနေနှင့်စိတ်မလုံမခြုံဖြစ်နေသည့် ငါးနှစ်အရွယ် ကလေးတစ်ယောက် ဖြစ်နေခဲ့ချေသည်။ နောက်ပိုင်း သူတို့အသက် ၁၇နှစ်သို့ ရောက်ရှိလာကြသည့်အခါ ပေ့ယောင်သည် အထက်တန်းကျောင်း၌ “ကျောင်းအလှပန်း”လေးတစ်ယောက် ဖြစ်လာခဲ့လေသည်။ ဖေ့ချွမ်းသည် တစ်ကိုယ်လုံးတောင့်တင်းသွားကာ ဝှီးချဲပေါ်က သူ့လက်ကို တင်းတင်းဆုတ်လိုက်မိသည်။ ပြီးနောက် သူမကို သတိပေးလိုက်၏။ “ငါ့ကို ကြိုက်တယ်လို့ မပြောနဲ့ မဟုတ်ရင်……………” ပေးယောင်သည် သူ၏လည်ပင်းကို သိုင်းဖက်လိုက်ကာ ချိုမြိန်သောအပြုံးလေးတစ်ပွင့်ဖြင့် သူ့ကို ပြုံးပြလိုက်လေသည်။ ဖေ့ချွမ်းမှာလည်း သူမ၏ ခါးလေးကို ထိန်းမကိုင်ပေးပဲ မနေနိုင်။ ထို့ပြင် သူ့ရဲ့ ဖိနှိပ်ထားခဲ့ရသော ခံစားချက်တို့သည်လည်း ပေါက်ကွဲထွက်သွားခဲ့ပြီပင်။ နှစ်ဘဝတိုင် သူ့နှလုံးသားကို ပိုင်ဆိုင်ခဲ့ရသည့် ပေ့ယောင်သည် နတ်ဆိုးဟူသည် မည်သို့မည်ပုံမှန်း သိချင်နေခဲ့ပါ၏။