အသက် 13 နှစ်အရွယ်မှာ မင်းကိုစတွေ့ခဲ့တယ်။ မိုးရာသီကိုသဘောကျတယ်...မိုးရာသီနဲ့အတူရောက်လာတဲ့ မင်းလေးကိုပိုသဘောကျတယ်။ ခိုင်မြဲတဲ့ ချစ်ခြင်းတစ်ခုမဟုတ်ပဲ...ဒါက ငယ်ရွယ်တဲ့အချိန်မှာ ရူးသွပ်တဲ့စိတ်ကစားမှု ဖြစ်နိုင်တယ်။ မိုးဖွဲတွေရပ်သွားတဲ့အချိန်....နှင်းပွင့်စက်တွေနဲ့အတူအအေးဓာတ်တွေ လွင့်ပျယ်သွားတဲ့အချိန်...သစ်ရွက်ဝါတွေကြွေကျတဲ့အချိန်...အချိန်တစ်ခုခုမှာ မင်းအပေါ်စိတ်ကစားခြင်း ရပ်သွားလိမ့်မယ်။ ဒါက အချိန်မရွေးပြောင်းလဲနိုင်တဲ့၊ရိုးရှင်းတဲ့ ငယ်ရွယ်ချိန်စိတ်ကစားမှုလေးတစ်ခုပါပဲ။ ဒါပေမယ့်ဘယ်သူသိနိုင်မလဲ ကိုယ်မင်းကို စတွေ့ခဲ့တဲ့အချိန်ကနေ အခုချိန်ထိ ဆယ်နှစ်စုတစ်ခုနီးပါးကြာအောင် ချစ်မြတ်နိုးခဲ့မိတယ်။ ~~~All Rights Reserved