"ကိုယ်တို့လမ်းခွဲကြရအောင်လွှာ... လာမယ့်အပတ်ထဲမှာပဲ ကိုယ်မင်္ဂလာဆောင်တော့မယ်..." မျက်စိရှေ့ရောက်လာသော ပန်းနုရောင်ဖိတ်စာလေး။ လွှာအကြိုက်ဆုံးအရောင်ကို လွှာမုန်းမိတော့မယ်... လွှာက ပညာလည်းမတတ်၊ အသိုင်းအဝိုင်းလည်းမရှိ၊ ပိုက်ဆံလည်းမချမ်းသာဘဲ အချိန်ပိုင်းအလုပ်တွေ ဗွက်ပေါက်အောင်လုပ်နေရတဲ့သူမို့ မောင်ကရှက်လို့လား? မောင်ပြောတော့ လွှာတို့ယူပြီးသွားရင် လွှာ့ကိုအလုပ်တွေမလုပ်ခိုင်းတော့ဘဲ မတောင့်မတ၊ မကြောင့်မကျ မျက်နှာမညှိုးရအောင်ထားမှာပါဆို... လွှာက မောင်အမြဲထိတွေ့ဆက်ဆံနေရတဲ့ သူဌေးသမီးအချောအလှတွေလို မချောလို့၊ချစ်စရာမကောင်းလို့လား? "မြတ်နိုးက ထက်မြတ်တယ်၊ တော်တယ်၊ ပိုက်ဆံရှိတယ်၊ မိဘအသိုင်းအဝိုင်းလည်းကောင်းတယ်၊ ရုပ်ချောတယ် ပြီးတော့ အဟွန်း..." "သူမက စိတ်ထားကောင်းသလို ကိုယ့်ကိုလည်းချစ်တယ်... ဂရုစိုက်လည်းစိုက်ပေး