ပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့ဖူးသည်၊ အမည်ကား ဂျက်စပဲရိုး။ ကပ္ပတိန်ဂျက်စပဲရိုး၏ ရွက်လှေ ခရင်းကောင်နှင့် လက်ရှိအချိိန်အထိ အလံမလဲတမ်းရှိနေသော လှေအဖွဲ့သားများသည် ကြမ္မာဆိုးမန္တန်အောက် ကျရောက်သွားပါတော့၏။ ကိုးတက်ဇ်ဓါးရှာပုံတော်ခရီးဆက်လာခဲ့ကြသော လှေသားများသည် သာယာငြိမ့်ညောင်းလှသော တေးသံ၏ ညှို့ယူခြင်းခံလိုက်ရ၏။ ရလဒ်မူကား လှေသားတို့သည် ခရင်းကောင်ကို လမ်းကြောင်းပြောင်းရန် အသီးသီးကြိုးပမ်းကြသဖြင့် ဓါးရှည်တည်ရှိနိုင်မည့်အရပ်နှင့် အလှမ်းဝေးသွားရ၏။ ဂျက်ခ်တစ်ဦးသာ အနှီ သီချင်းဆန်း၏ သက်ရောက်မှု မခံရဟန်ရှိသည်၊ သို့သော် လှေသားများကို ပြန်ပေါင်းထုပ်ခြင်း၊ အောက်လမ်းမန္တန်နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအားကို နှိမ်နင်းခြင်းတို့အား သူတတ်စွမ်းနိုင်ပါမည်လော။