Description ချင်းရွှေရွာတွင် ကြက်တိုက်လိုက် လောင်းကစားလုပ်လိုက် လူတကာကိုပတ်အနိုင်ကျင့်လိုက်နှင့် လတ်လျားလတ်လျား အသက်ရှင်နေထိုင်ခဲ့သော ကျန်းပိုင်ယဲ့တစ်ယောက် သေဆုံးသွားပြီးနောက် သူက နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ကမ္ဘာမှလာ သည့် အရည်အချင်းရှိသော လူငယ်တစ်ယောက် ဖြစ်ရုံသာမက ရှေးခေတ်ဝတ္ထု၏ အမြှောက်စာဇာတ်ကောင်အဖြစ် ဝိညာဥ်ကူးပြောင်းသွားခဲ့မှန်း သိလိုက်ရသည်။ အတိတ်ဘဝတွင် ကျန်းပိုင်ယဲ့က မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့သော်လည်း ဗီလိန်ဝမ်းကွဲအစ်ကိုက ဖုန်ပင်းကို သတ်ပြီး သူ့အပေါ် အပြစ်ပုံချလိုက်သောအခါ ကျန်းပိုင်ယဲ့မှာ လူတိုင်း၏ နံပါတ်တစ် ရန်သူဖြစ်လာခဲ့သည်။ သူ့အိမ်ဘေးတွင်နေသည့် စကားမပြောနိုင်သော ဇာတ်လိုက်ပင်လျှင် သူ့ကို ရှောင်တော့သည်။ နောက်ဆုံးတွင် ဖျောက်ဖျက်မရသော နာမည်ဆိုးတို့နှင့်အတူ သေဆုံးခဲ့ရ၏။