ကောင်းမင်သည် တစ်ချိန်က အကြီးစားရာဇဝတ်သားများကို ထားရှိသောဟန်ရှန်းအကျဉ်းထောင်တွင်အလုပ်လုပ်နေသော အသက်အငယ်ဆုံး စိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။သူသည် စိတ်ဆရာဝန်ဖြစ်နေရသော်လည်း သူ၏ဝါသနာအစစ်မှာ ခြောက်ခြားဂိမ်းများကို ဒီဇိုင်းဆွဲခြင်း၊ ဖန်တီးခြင်းတို့ဖြစ်သည်။ ထို့ကြောင့်သူက အကျဉ်းထောင်မှအလုပ်ထွက်လိုက်ပြီး သူဝါသနာပါသော ခြောက်ခြားဖွယ်သရဲဂိမ်းအမြောက်အများကို ဂိမ်းစတူဒီယိုတစ်ခုနှင့် ပူးပေါင်းပြီး ဖန်တီးခဲ့ထုတ်လုပ်ခဲ့သည်။ တစ်နေ့ ကောင်းမင်သည် ဆာလောင်တစ္ဆေများပွဲတော်ညတွင် ဘတ်စ်ကား စီးလာခဲ့သည်။သူသည် ကားပေါ်တွင် ဂိမ်းတစ်ခုကို ဒီဇိုင်းဆွဲနေခဲ့သည်။သူစီးလာသော ဘတ်စ်ကားသည် ဥမင်လှိုဏ်ခေါင်းတစ်ခုထဲတွင် ရပ်တန့်သွားခဲ့သည်။သူက သတိဝင်လာပြီးကြည့်လိုက်သောအခါ ဘတ်စ်ကားပေါ်တွင် မည်သူမှ မရှိပဲ သူတစ်ယောက်တည်း ကျန်ခဲ့ကAll Rights Reserved