ရှေ့နေလောက၏ ကြောက်စရာအကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဖုဟွိုက်အန်းက သားဖြစ်သူကိုခေါ်ကာ သူ့စေ့စပ်ပွဲအတွက် ပြည်တော်ပြန်လာခဲ့လေသည်။ စေ့စပ်ပွဲမတိုင်မီတွင်... သူကမေးခဲ့သည်။ "မင်းက ဝိန်မော့ရှန်ကို ချစ်နေမှတော့ ဘာကိစ္စနဲ့ ကိုယ့်အိပ်ရာပေါ်ကို တက်လာရတာလဲ။" သူ(မ)က သူ့အမေးကို ဤသို့ပြန်ဖြေခဲ့သည်။ "ဝိန်မော့ရှန်ရဲ့အမျိုးသမီးက ရှင်နဲ့စေ့စပ်ဖြစ်သွားမှာကို ကျွန်မလက်မခံနိုင်လို့။" စီးကရက်လိပ်အား ပါးစပ်တွင်ခဲကာ ဖုဟွိုက်အန်းက သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။ ဝေ့ဝဲနေသော ဆေးလိပ်မီးခိုးများကြားတွင် သူ့မျက်လုံးများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းနေပေသည်။ လင်းနွမ်၏ သွယ်လျသောလက်များက သူ့လည်တိုင်တွင် တွယ်ချိတ်သွားသည့် ထိုအခိုက်အတန့်မှာ ဖုဟွိုက်အန်း၏ ရင်အစုံက ခုန်လှုပ်နေခဲ့သည်။ လူတစ်ယောက်က အခြားလူတစ်ဦးကို ဤAll Rights Reserved