အယ်လီနာ - သူ(မ)မိသားစုအတွက် လက်စားချေဖို့ သူ(မ)ရဲ့တစ်ဘဝလုံး သွေးအေးသည့်အမျိုးသမီးသူရဲကောင်းအဖြစ် ဖြတ်သန်းလာခဲ့ရာမှ လက်စားမချေရသေးခင် သေခြင်းတရားနှင့် အဆုံးသတ်ခဲ့ရ၏။ သူ(မ) မျက်လုံးဖွင့်ကြည့်လိုက်ရာ အတိတ်ကို ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရပေသည်။ နေ့ခင်းအချိန်မှာ ဂါဝန်လှလှလေးဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ဖြစ်ပေမဲ့ ညရောက်လျှင်တော့ သူ(မ)မိသားစု၏ပျက်စီးခြင်းကို ကာကွယ်ပြီး သမိုင်းကြောင်းကိုပြောင်းလဲဖို့အတွက် ဓားတစ်လက်ကို ကိုင်ဆွဲထားခဲ့သည်။ "ကျွန်မ ရှင့်ကိုလက်ထပ်ချင်ပါတယ်၊ အရှင့်သား။" အယ်လီနာ အိမ်ရှေ့စံမင်းသားကို ထိုသို့ပြောလိုက်၏။ သူ(မ)၏မိသားစုကိုကယ်တင်ဖို့ ယခုလို လုပ်ကိုလုပ်ရမည်။ ***** Aurora Novel Translation Team
37 parts