အွန်းဟာဆိုတာ သိပ်ကိုလှပထက်မြက်ပြီးတော့ 'Stars' အင်တာတိန်းမန့်ကုမ္ပဏီကြီးကို ဦးဆောင်နေတဲ့ အမျိုးသမီး CEO တစ်ယောက်။ ဂန်ထယ်ဟျွန်းဟာ ဒီကမ္ဘာကြီးပေါ်မှာ သူမအပေါ် ဂရုအစိုက်ဆုံး ယောက်ျားတစ်ယောက်ပေါ့။ သူဟာ သူမအပေါ် သိပ်ကိုမြတ်နိုးတန်ဖိုးထားတဲ့သူ... အထက်တန်းကျောင်းမှာတုန်းကလည်း သူမ သူ့ကိုငြင်းခဲ့တယ်၊ ကောလိပ်မှာလည်း သူ့ကိုငြင်းခဲ့ပြီးတော့ အခုထိလည်း သူ့ကို လက်မခံသေးဘူး...။ ဒါပေမယ့် သူဟာ ဘယ်တုန်းကမှ သူမကို လက်လျှော့မသွားခဲ့ဘူး။ အွန်းဟာမှာ ဘယ်သူ့ကိုမှပြောမပြချင်တဲ့ အတိတ်ဒဏ်ရာတစ်ချို့ရှိပြီး အဲ့ဒီအချိန်ကတည်းက သူမဟာ အချစ်ကို အယုံအကြည်ကင်းမဲ့ခဲ့ရတယ်။ ထိုအတိတ်အကြောင်းအရာကို ထယ်ဟျွန်းရှာတွေ့သွားတဲ့အခါမှာတော့ သူဟာ သူမနဲ့လက်ထပ်ဖို့ သူမကို လိုက်ရှာခဲ့တယ်။ All credits to original authors.