မိသားစုကို ဆုံးရှုံးလိုက်ရသည့် ရှီးယန်သည် ကလဲ့စားချေနိုင်ရန်အတွက် သူ၏ ကိုယ်ရေးအချက်အလက်များကို ဖုန်းကွယ်ထားပြီး ရှားရွှင်းထံ ချည်းကပ်ခဲ့သည်။ ရှားရွှင်းမှာ အမှန်တရားကို မသိခဲ့ဘဲ တစ်ဖက်လူအား လေးလေးနက်နက် ချစ်မြတ်နိုးခဲ့သည်။ သို့ပေမဲ့ နောက်ဆုံးတွင်တော့ ရှီးယန်ကြောင့် သူဖမ်းချုပ်ခံရပြီး သူ၏ မိသားစုမှာလည်း ပျက်စီးသွားခဲ့ရသည်။ နယ်နှင်ဒဏ်ခံရဖို့ ထွက်ခွါလာသည့် လမ်းပေါ်တွင် ရှားရွှင်းက သေချင်ယောင်ဆောင်ပြီး လွတ်မြောက်လာနိုင်ခဲ့သည်။ ခုနှစ်နှစ် ကြာပြီးနောက်မှာ သူ့သင်္ချိုင်းရှေ့၌ပင် ရှီးယန်နှင့် တဖန် ပြန်လည် ဆုံတွေ့ခဲ့လေသည်။