ဒွိလိင်တွေကို ကျွန်ပြုနှိပ်စက်ကြတဲ့ မိခင်နိုင်ငံကနေ H နိုင်ငံကို ပြေးရှောင်လာရတဲ့ ဒွိလိင်တစ်ယောက်ဟာ ဦးလေးဖြစ်သူရဲ့အဆက်အသွယ်နဲ့ H နိုင်ငံရဲ့ နန်းတွင်းထဲမှာ အလုပ်ဝင်နိုင်ခဲ့တယ်။ လူပျိုဖော်ဝင်ခါစ မင်းသားငယ်လေးတွေကို ခန္ဓာဗေဒနဲ့ လိင်ပိုင်းဆိုင်ရာ ပညာသင်ကြားပေးရတဲ့ ဆရာအဖြစ်ပေါ့။ သူ့အသက် ၂၅ ကတည်းက စတင်ခဲ့တဲ့အလုပ်ကို ငှာနအကြီးအကဲဖြစ်လာသည်အထိ ၁၀ နှစ်ကျော်ကြာလုပ်လာခဲ့ပြီး တစ်ရက်မှာတော့ ဒုတိယမိဖုရားရဲ့ သားအမွှာနှစ်ယောက်ကို သင်ကြားပေးရမဲ့တာဝန် သူ့ဆီရောက်လာခဲ့တယ်။
1 part