လင်းချဲ့ က သူ့ကို စိုက်ကြည့်နေတဲ့ ယွိယီ ကို လှမ်းကြည့်ကာ မေးလိုက်၏။ လင်းချဲ့ : "ကျွန်တော် ထန်မီ နဲ့ ထမင်းတူတူစားနေတုန်း ခင်ဗျ။ စီအီးအိုယွီ မှာ ဘာပြသနာရှိလို့လဲ?" ယွိယီ : "ပြသနာကတော့ တကယ်ကို ရှိနေတယ်။ မင်းကို သူမနဲ့ ထမင်းတူတူစားဖို့ ဘယ်သူ ခွင့်ပြုတာလဲ?" လင်းချဲ့က အဓိပ္ပါယ်မရှိတဲ့ အမေးစကားကြောင့် လှောင်ပြောင်လိုက်ရင်း " ယွီကျစ် က ဝန်ထမ်းတွေက ဘယ်သူနဲ့ ထမင်းတူတူစားမယ်ဆိုတာပါ စီအီးအိုဆီက ခွင့်ပြုချက် အရင်တောင်းရတာလား? " လင်းချဲ့ ကို ကြည့်နေသော ယွိယီ က အပြုံးကြီးကြီးတစ်ခုကို ပြုံးပြလိုက်လေသည်။ " ယွီကျစ် ဝန်ထမ်းတွေက တော့ မလိုပါဘူး။ မစ်ယွီ ကတော့ လိုတယ်။"All Rights Reserved