I don't own the story. I don't own the picture. Title: 我有一扇任意门 Author: 珍珠海盐棒棒糖 Chapters- 58 ငါ့မှာ မှော်ဆန်တဲ့ တံခါးတစ်ချပ်ရှိတယ်။ အဲ့တာကို တွန်းဖွင့်လိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ်။ မနက်မိုးလင်းတော့ မိတ်ကပ်လေးလိမ်းပြီး တံခါးကိုတွန်းဖွင့်၊ မနက်ခင်းကော်ဖီသောက်ပြီး ကုမ္မဏီမှာ မနက် ၉ နာရီအရောက် ပေါ်လာတယ်။ နေ့လည်နားတဲ့အချိန်မှာ "A Bite of China" နဲ့ "Flavor of the World" ကို တစ်စက္ကန့်အတွင်း checkလုပ်ပြီး နေ့လည်စာစားဖို့ တံခါးကို တွန်းဖွင့်လိုက်ရုံပါပဲ။ အကွာအဝေးအကန့်အသတ်လုံးဝမရှိဘူး။ စားသောက်ပြီးတာနဲ့ အိမ်ကိုပြန်ပြီး တစ်ရေးအိပ်တယ်။ ညစာစားပြီးတဲ့အခါ ဆွစ်ဇာလန်ရှိ မြို့ငယ်လေးတွင် လမ်းလျှောက်တယ်၊ ဒါမှမဟုတ် ဖူးခက်ရဲ့ နေဝင်ဆည်းဆာအလှကိုသွားကြည့်တယ်၊ ဒါမှမဟုတ် Pilates လေ့ကျင့်ခန်းလုပ်တာတို့ ၊ ရှေးခေတ်ဝတ်စုံလေးပြောင်းပြီး မီးပုံးပွဲတော်ကို ကြည့်ရှုဖို့ Tang မင်