Do You Know ? I'm An Actor. ( မင်းသိတယ်မလား။ ငါက သရုပ်ဆောင်လေ )
37 parts Ongoing ခပ်ပြင်းပြင်း လေပြည်နဲ့အတူ
ဒရောသောပါး မျောလွင့်နေခဲ့တဲ့
သစ်ရွက်တစ်ရွက်လို ငါက
ဆန်းကြယ်တဲ့ ပြတင်းတံခါးဆီကို
ကျူးကျော်မိသွားတယ်။
ပိုထူးဆန်းတာကို ပြောပြရရင်
အဲ့ဒီ့ပြတင်းပေါက်လေးက
ငါ ဝင်လာတာနဲ့ တစ်ပြိုင်နက်
သူ့ တံခါးတွေကို ပိတ်ပစ်လိုက်တယ်လေ။
ငါ ပြန်မထွက်နိုင်အောင်လို့ပေါ့။
- မြဲတည်တံ့ -
အဲ့လိုခံစားမှုမျိုး ရှိတယ်။
ခရီးရှည်ထွက်သွားတဲ့ ငါ့ရဲ့သစ်ရွက်ကလေးက
လေတစ်ချက်အဝေ့မှာတင်
ပြတင်းပေါက်ကို ကျော်ပြီး
ငါ့ဆီ ပြန်ရောက်လာသလိုမျိုးလေ။
စိမ်းသက်ပေမယ့် ရင်းနှီးနေတယ်။
အတိတ်ဆိုပေမယ့်လည်း နာရီတွေက
ငါ့တစ်ယောက်တည်းကို သစ္စာဖောက်လိုက်သလိုမျိုး ၊
ပူလောင်ရမှန်းသိလည်း ရှေ့ဆက်တိုးချင်တဲ့
ဖလံငယ်တစ်ကောင်ရဲ့ မိုက်ရူးရဲဆန်မှုမျိုးနဲ့
ငါဟာ နောက်ထပ်တစ်ကြိမ်
ဒူးထောက်ပြီးသား ဖြစ်နေခဲ့တယ်။
- လျန်းထက်အောင် -