
"ကျွန်တော် တစ်ချိန်က အချစ်ဆိုတာကို ကိုယ်ရရှိနိုင်တဲ့ အရာတစ်ခုလို့ ထင်ခဲ့ဖူးတယ်။ ဆုတံဆိပ်တစ်ခုလို၊ ရာထူးတိုးတာမျိုးလိုပေါ့။ အကြာကြီးစောင့်နေမယ်၊ အနီးကပ်ဆုံးနေမယ်ဆိုရင် အချစ်က ကိုယ့်ကို ပြန်ရွေးချယ်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ အခု သူတို့နှစ်ယောက်ကို ကြည့်နေရင်းနဲ့... အချစ်ဆိုတာ ထိုက်တန်တာ၊ မထိုက်တန်တာနဲ့ မဆိုင်ဘူးဆိုတာကို ကျွန်တော်မြင်လာတယ်။ အဲဒါဟာ ပိုင်ဆိုင်ခြင်းနဲ့သာ သက်ဆိုင်တာ။ ပြီးတော့ သူက အဲ့ဒီရင်ခွင်ထဲမှာ သာယာနေပြီ။ ကျွန်တော့်ရဲ့ ပွေ့ဖက်မှုထဲမှာတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာပဲ ဆိတ်ငြိမ်စွာ ဆက်နေပါမယ်။ ဆေးရုံဆောင်ရဲ့မီးတွေကို ဖွင့်ထားပေးပါ့မယ်။ မနက်တိုင်း မှတ်တမ်းစာအုပ်ထဲမှာ သူ့နာမည်ကို ရေးထည့်နေပါ့မယ်။ ပြီးတော့ မယ်ဇလီပင်တွေ ပန်းတွေပြန်ပွင့်လာတဲ့အခါ သူ့ရယ်သံAll Rights Reserved