
ဓားဂိုဏ်း တစ်ခုရဲ့ အပြင်စည်းတပည့်...။ မျက်နှာသေကြီးနဲ့ ခံစားချက်မရှိတဲ့ပုံ ပေါက်နေပြီး၊ သူ့ရဲ့ အတိတ်ကိုလည်း သူကိုယ်တိုင် မမှတ်မိသူ...။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် "ဇူမို"ပါပဲ။ သူ့မှာ တခြားသူတွေလို ပါရမီအမြင့်ကြီးတွေ၊ လက်စားချေချင်စိတ်တွေ မရှိပါဘူး။ သူ့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ ကျင်း (Jing - ဝိညာဉ်ကျောက်တုံး/ပိုက်ဆံ) တွေကို စုဖို့ပါပဲ။ သူက ကျင်းတစ်တုံးရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့် ကပ်စေးနဲ ပိုက်ဆံရူးလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုကို သူ ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအရာက သူ့ကို အလကားကူညီမှာ မဟုတ်ဘဲ သူ့ရဲ့အဖိုးတန် ကျင်းတွေကို ပြန်လည် တောင်းဆိုတဲ့အခါမှာတော့... ဇူမို တစ်ယောက် ဘယ်လို ရင်ကွဲရမလဲ။All Rights Reserved