
ကျနော့်နာမည်အောင်အောင်။ တအိမ်လုံးကအောင်လေးလို့ပဲခေါ်ကြတယ်။ အိမ်မှာ ဖေဖေ မေမေ ညီမလေး ကျနော် လေးယောက်အပြင် အညာကအိမ်ဖော်မလေး သန်းသန်းရယ် ပေါင်း ၅ယောက်နေထိုင်တယ်။ ကျနော့်မိဘတွေက ဈေးတခုမှာ ဖိုက်ဘာပုဂံတွေရောင်းတယ်။ တရက်ခရစ်စမတ်နဲ့ဥပုဒ် ဈေးနှစ်ရက်ပိတ်တဲ့နေ့ ကျိုက်ထီးရိုးဘုရား ညအိပ်သွားကြမယ်ပေါ့။ ဖြစ်ချင်တော့ ၂၄ရက်ညနေမှာ ဖျားပါလေရော့။ ၂၅ရက်မနက်စောစော တအိမ်လုံးကျိုက်ထီးရိုးသွားမယ့်အစီအစဉ်ကို အမေက အဖေ့အား "ရှင်တို့ပဲသွားကြတော့ ကျမ အောင်လေးကိုပြုစုဖို့နေခဲ့မယ်"ဆိုတော့ သန်းသန်းက "အန်တီလိုက်သွားပါ။ အသန်းနေခဲ့လိုက်မယ်။ မနှစ်တုန်းကလဲ ကျိုက်ထီးရိုးဘုရား အသန်းရောက်ဖူးနေပြီပဲ။" သန်းသန်းဟာ စကားပြောရင် အသန်း အသန်းလို့ပြောလေ့ရှိတယ်။ အသန်းဟာ ကျနော်တို့အိမ်ကိုရောက်လာတော့ အသက်၂၀ဝန်းကျင်ပါ။ အသန်းက အခု အိမ်မှာ ၁၀နှစAll Rights Reserved