စုံထောက်လောကတစ်ခွင်မှာသူ့လောက်လွဲသည့်သူမရှိနိုင်ပေ။သူ့လောက်ဂရုစိုက်ချင်သည့်သူမရှိသလို လုပ်သမျှအလုပ်တိုင်းလည်း လွဲနေသည့်သူဆိုသည်မှာ သူတစ်ယောက်တည်းပင်။ ထိုနည်းတူ တိကျမှကြိုက်သောသူ...သူ့ဘက်သူသာ ကြည့်သောသူ ကိုယ့်အလုပ်ကိုသာလုပ်သောသူ... သူနှင့်သူ၏ ကွဲပြားလှသောအသွင်အပြင် အမူအရာတွေကြားမှာ တစ်ထပ်တည်းတူညီသော အချစ်တစ်ခုပေါက်ဖွားခဲ့သည်ဟု ဆိုလျှင်ရော..