“ကြည်နူးဖွယ်ရာ အဘိဓမ္မာအခါ” ••••••••••••••••••••••••••••••••••••• “သီတင်းကျွတ်လပြည့်နေ့” ကို ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများက“အဘိဓမ္မာအခါတော်နေ့” ဟူ၍ အတည်ပြုကာ သတ်မှတ်ကြပါသည်။သတ်မှတ်ရခြင်း၏ အကြောင်းရင်းမှာ- မြတ်စွာဘုရားသည်ဘုရားဖြစ်ပြီး (၇)ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ ကြွသွားပြီး အဘိဓမ္မာ ဒေသနာတော် ကို ဟောကြားတော်မူပါသည်။ သီတင်းကျွတ်လပြည့်နေ့မှာ ဟောကြား၍ ပြီးဆုံးသွားသဖြင့် လူ့ပြည်သင်္ကဿမြို့တံခါးသို့ ပြန်ကြွတော်မူလာသောနေ့ ဖြစ်သောကြောင့် သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟူ၍ အတည်ပြုကာ သတ်မှတ်ကြခြင်း ဖြစ်ပေသည်။ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွလာသောအခါ နတ်ဗြဟ္မာများက မြတ်စွာဘုရားကို ထီးဖြူများဆောင်းမိုးခြင်း၊ ယပ်လေများခပ်ပေးခြင်း၊စသည်တို့ဖြင့် ကြည်နူးဖွယ်ရာ သိုက်မြိုက်စွာခြံရံလျက် လAll Rights Reserved