Sulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်းဆီနီရဲ့လည်တိုင်ဟာ တဖျတ်ဖျတ် အသက်ရှူရင်း ပင့်သက် တစ်ချက်မှာ ပွင့်ဖတ်တွေ ကြွေကျခဲ့တယ် မြေပြင်ပေါ်သို့.... တစ်စဆီ .......။ တစ်လွင့်ဆီ......။ "အဲ့ဒါ....သူ့နှလုံးသားပါတဲ့" ကွဲကြေကြေ နှလုံးသားကို နွမ်းကြေကြေ ပွင့်ဖတ်နဲ့ တင်စား တိတ်ဆိတ် ပြိုအပ်တဲ့ အကြည့်ထဲ ရော်ရိဆွေးနေတဲ့ ရင်ကိုပုတ်ပြရင်း "သူ့နှလုံးသားတွေ မွမွကြွေကြ ကုန်ပြီတဲ့" ကြေကွဲလွန့်လူး သူ့စကား မမြင်ရတဲ့ အလွမ်းကိုပျိုး ကြွေကျတဲ့ မျက်ရည်ကို မြစ်အဖြစ်.... စ်ီးစေပြီး သူ့....
46 parts