ကြည်ပြာရောင်ကောင်းကင်ကြီးရဲ့အောက်မှာ မွှေးပျံ့စွာပွင့်လန်းနေတဲ့ တရုတ်စံကားပန်းလေးတစ်ပွင့်.. မွှေးပျံ့တဲ့ရနံ့၊ လတ်ဆတ်တဲ့ ဒီဇင်ဘာရဲ့ဆောင်းလေအေးနဲ့အတူ တက္ကသိုလ်ကျောင်းသားဆိုတဲ့ဘဝကြီးကိုဖြတ်သန်းဖို့ ခြေလှမ်းတွေကိုတက်ကြွစွာစတင်ခဲ့တယ်..... ဒီဇင်ဘာ ၁ ရက်နေ့ (အင်္ဂါနေ့ ) တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပထမဆုံးနေ့ YTU ကျောင်းတော်ကြီးရဲ့ fresher ကျောင်းသားတွေအားလုံးရဲ့မျက်နှာမှာ အပြုံးကိုယ်စီနဲ့.. ပထမဆုံးနေ့ drawing ၄ ချိန်ကိုဘယ်လိုဖြတ်သန်းမလဲရင်ခုန်စွာနဲ့စောင့်နေကြရင်း senior တစ်ယောက်ရဲ့ plz attention to me ဆိုတဲ့ အသံတစ်ခုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ senior တွေရဲ့ ဦးဆောင်မှုနဲ့ သက်ဆိုင်ရာ အခန်းတွေဆီ လျှောက်လှမ်းကြတဲ့ကျောင်းသားတွေအားလုံးရဲ့ ရင်ထဲမှာ ပန်းတိုင်ကိုချီတက်ကြမယ့် ရည်မှန်းချက် ကိုယ်စီနဲ့ပါလား...
3 parts