Tiffany ကျွန်မမှာ သူနဲ့ပတ်သတ်ပြီး ကောင်းမွန်တဲ့ အမှတ်တရဆိုတာ မရှိခဲ့ပါဘူး။သူ အသက်ရှင်ချိန်ဘဝတစ်လျှောက်လုံး ကျွန်မသူ့ကို မုန်းခဲ့တာ။ဒါပင်မဲ့ ကျွန်မသူ့ကိုချစ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အရမ်းကိုနောက်ကျသွားခဲ့ပြီ။သူက လူ့ကမ္ဘာလောကကြီးကို အပြီးတိုင် စွန့်ခွာသွားခဲ့ပြီလေ။ကျွန်မမှားခဲ့တယ်။ဟုတ်တယ် ကျွန်မသိပ်ကို မှားယွင်းခဲ့တာပါ။ကျွန်မသူ့ကိုမုန်းတယ် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် ကျွန်မမှာ မရှိဘူး။သူ့ကို မြင်နေရင်ကို ကျွန်မရင်ထဲ အမုန်းတွေ ဖြစ်ပွားနေခဲ့တာ။ကျွန်မသိပ်ကို တစ်ဖက်သတ်ဆန်လွန်းခဲ့ပါတယ်။ Taeyeon ကျွန်မဒီနေ့သိပ်ပျော်နေတယ်။ဖေဖေကပြောတယ် ကျွန်မအတွက် ညီမလေးတစ်ယောက်ခေါ်လာခဲ့ပေးမယ်တဲ့။ကျွန်မအရင်ချိန်တွေလို တစ်ယောက်တည်း ဆော့ကစားနေစရာမလိုတော့ဘူး။ညီမလေးက ကျွန်မနဲ့ တူတူကစားပေးမှာတဲ့။ဖေဖေပြောတဲ့ ညီ