ပြောမယ်ပြောမယ်နဲ့စဉ်းစားနေတာ ပြောမယ်ဆိုတော့လည်း မသင့်တော်ဘူးထင်တယ် မပြောဘူးဆိုတော့လည်း တစ်ခုခုကိုလျှို့ဝှက်ထမိသလိုလို ဒါနဲ့ ဆုံးဖြတ်ချက်ချလိုက်တယ် ပြောမယ်ပေါ့ဗျာ အဲ့ပြောမယ့်ကိစ္စကလဲပေါ့သေးသေးမဟုတ်ဘူးဗျ ပေါ့သေးသေးမဟုတ်ပေမယ့် အကြီးကြီးလည်းမဟုတ်ဘူး ကဲကဲ ပြောစရာရှိတာပြောတာပဲကောင်းပါတယ် လေတွေလည်အတော်ရှည်ခဲ့ပြီမလား လေရှည်ရတယ်ဆိုတာကလည်းပြောချင်လွန်းလို့ဖြစ်ရတာ ပြောမယ်ဆိုကာမှပြောမယ့်အကြောင်းကိုမေ့နေပြန်ပြီ ခဏလေးနော် အိမ်သာသွားတက်လိုက်ဦးမယ် ပြန်လာခဲ့မယ် သိလား