MrGhostID10
ကိုယ့်အပေါ် ပစ်ပစ်ခါခါရှိသူကိုပဲ ရိုရိုကျိုးကျိုး စကားတွေပြောနေမိတယ်
ကိုယ့်ရဲ့ ပျက်ဆီးပြိုကျခြင်းတွေ နာကျင်မုန်းတီးပြီး သေလောက်စရာတွေ အဆင်မပြေမှုတွေ ပစ်ချထားခံခဲ့ရခြင်းတွေကို မပြောပြချင် သူ့မှာ တာဝန်ရှိတယ်လို့ မပြောချင်ပေမယ့်
ကိုယ့်ရဲ့ အနည်းငယ်သော အောင်မြင်မှုတွေ ပျော်စရာတွေကိုတော့ သူ့ကို ပြောချင်မိတယ်
သူ့ကိုလည်း ပျော်စေချင်တယ်
မီးတွေ ကိုယ့်အပေါ်လောင်ပါစေ
ရေတွေ သူ့အပေါ်စီးပါစေ
ကြည်လင် ချမ်းမြေ့ပါစေ
ချစ်သူအသစ်နဲ့ မင်းဘဝအသစ်မှာ အစစအရာရာ အေးချမ်းပါစေ
အေးချမ်းပါစေပေါ့ကွယ်
ဘဝရဲ့လှိုင်းတံပိုးတွေ ကိုယ့်အပေါ်သာ ရိုက်ပါစေ
မင်းနဲ့ မင်းဘဝအသစ်ဟာ လေပြေတွေအောက်မှာ ဖြောင့်ဖြူးလို့ တိမ်တွေလည်းလှပါစေ ကောင်းကင်လည်း ပြာပါစေပေါ့ အချစ်ရယ်
အိမ်မက်ဆိုးတွေ ကိုယ်သာမက်ပါစေ
ရုပ်ရှင်တွေထဲကလို ရထားလုံးတွေနဲ့ ခြံ