" Boss "
" အင်း "
" အချက်အလက်တွေရခဲ့ပါပြီ "
Boss ဆိုသူသည် ကွန်ပျူတာကို ကြည့်နေရာမှ သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ ထို့နောက် မောက်စ်ကို ကိုင်ထားသော လက်ကို ရပ်လိုက်ပြီး ထိုလူရှိရာဆီသို့ လက်ဆန့်တန်းလိုက်သည့်အခါ ဖိုင်တွဲတစ်ခုက လက်ထဲသို့ ရောက်ရှိလာသည် ။
" ခဏစောင့် "
ဖိုင်တွဲအိတ်ထဲရှိ စာရွက်စာတမ်းအချို့နှင့် ဓာတ်ပုံအချို့ကို ကြည့်လိုက်ပြီးနောက် ထိုပစ္စည်းများနှင့်အတူ ပါလာသော USB ကို ကွန်ပျူတာနှင့် ဆက်သွယ်လိုက်သည် ။ ကွန်ပျူတာကို အတန်ကြာသည်အထိ စူးစိုက်ကြည့်နေပြီးနောက် ယခုချိန်ထိ ရပ်နေသော သူကို တစ်ချက်ကြည့်ကာ လေသံမှန်မှန်နှင့် ချီးကျူးစကားဆိုလိုက်သည်။
" တော်တယ်.. သွားလို့ရပြီ "
ထိုသူ ပြန်ထွက်သွားသည်နှင့် Boss ဆိုသူမှာ ထိုင်ခုံနောက်ကို ခေါင်းမှီလိုက်ကာ မျက်လုံးများကို မှေးမှိတ်လိုက်ပြီး စကားလုံးအချို့ကို ခပ်တိုးတိုးရေရွတ်လိုက်ပြန်သည် ။
" ဦးလွင်ပိုင် ခင်ဗျားက ကျုပ်ကို အကြီးကြီး ကူညီပေးလိုက်တာပဲ "
ထိုသူသည် ခပ်တိုးတိုးရေရွတ်ပြီးနောက် ပါးလျပြီး နီစွေးရောင်သန်းနေသော နှုတ်ခမ်းများက ကော့တက်သွားသည် ။ ထိုစဉ်မှာပင် ကွန်ပျူတာ ဘေးနားရှိ ဖုန်း ရင်းတုန်းသံက မြည်လာခဲ့သည် ။ ထိုသူ၏ မျက်လုံးများမှာ လျင်မြန်စွာပင် ပြန်ပွင့်လာပြီး အရေးကြီးဟန်ဖြင့် ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည် ။
" ပြော ငယ်လေး "
သူဆိုလိုက်သည်နှင့် တစ်ဖက်မှ အလိုမကျသော အသံစွာလေးလေးက ထွက်လာသည် ။
" ကိုကြီး ပြန်မလာသေးဘူးလား "
" ပြန်လာတော့မှာပါ "
" ပြန်လာရင် ကိုကို့ ကိုပါ ပါအောင်ခေါ်လာခဲ့ မဟုတ်ရင် ငယ်လေးကို အဆိုး မဆိုနဲ့ "
Boss ဆိုသူက ဘာမှတောင် ပြန်မပြောလိုက်ရပဲ တစ်ဖက်ဖုန်းက ကျသွားလေတော့သည် ။ သူသည် ခေါင်းရမ်းလိုက်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် မှန်ပြတင်းပေါက်နားသွားကာ မြို့ပြကို ငေးကြည့်နေလေတော့သည်။
YOU ARE READING
Brilliant
Actionတစ်ကြိမ်လား နှစ်ကြိမ်လား..မင်းအတွက်ဆို အကြိမ်ကြိမ်သေရဲတယ် This cover photo is not mine. Credit to owner. Start - 24.12.2020(Thu)