" တောက်! "
" မင်းတို့ လူအယောက် နှစ်ဆယ်လောက်က ဒီကောင်လေးကိုတောင် စောင့်မကြည့်နိုင်ဘူးလား ၊ နောက်ထပ် တစ်နာရီ အချိန်ပေးမယ် မတွေ့ရင် ငါ့အရှေ့ပေါ်မလာကြနှင့်တော့ "
ဦးဝင်းမင်းထက် ဒေါသတကြီး ပေါက်ကွဲထွက်နေသည်မို့ တပည့်များမှာ အသံတိတ်နေရတော့သည် ။ မဟုတ်လျှင် ဒီနေ့ပင် အသက်နှင့် ကိုယ်ခန္ဓာ မမြဲဖြစ်သွားနိုင်လေသည်။
ဦးဝင်းမင်းထက် စကားဆုံးသည်နှင့် သူတို့အားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။" ဆရာ ဧည့်သည်လာပါတယ် "
" ဘယ်သူလဲ "
" ရေး လို့ပြောပါတယ် "
" ရေး.. Swan ကလား "
" ရေးလို့ပဲ သိရပါတယ်ဆရာ ဂျေလေးနှင့်ပတ်သက်ပါတယ်တဲ့ "
ဝင်းမင်း မျက်ဝန်းတွေ စူးရှသွားပြီး ရေးဆိုသူကို ပေးဝင်စေလိုက်သည်။
ရေးဆိုသူသည် အရပ်မြင့်မြင့် အသားလတ်လတ်နှင့် ကြည့်ကောင်းလှသော လူငယ်တစ်ဦးပင် ဖြစ်သည်။" မဂ်လာပါ အန်ကယ် ကျွန်တော် ရေးပါ "
" ထိုင်ပါ Swan ကလား "
" ဟုတ်ပါတယ် "
ရေး ဝင်းမင်းနှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး ဝင်းမင်းကို အကဲခတ်လိုက်သည်။ ဂျေ၏ စူးရှသော အကြည့်ပုံစံတွေနှင့် မျက်နှာပေါက်ပုံစံက ထိုလူကြီးဆီက အမွေရပုံပေါ်သည်။ လေးဆယ့်ခြောက်နှစ်တဲ့ မထင်ရက်စရာပဲလေ။
ရေးသည် အလွန်တည်ငြိမ်စွာ ထိုင်နေပြီးမှ စကားစတော့သည်။" ကျွန်တော် အလှယ်အလယ်လေး လုပ်ချင်လို့လာခဲ့တာပါ "
ဝင်းမင်းသည် ရှေ့ရှိ လူငယ်လေးကို ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။
" ကျွန်တော့်လက်ထဲမှာ အရေးကြီး ဖိုင်တစ်ခုရှိနေတယ် အန်ကယ့်အတွက် အတော် အဖိုးတန်မယ့် အရာပါ အဲ့ဒီအတွက် တန်ရာတန်ကြေးအနေနှင့် ဂျေရဲ့ အုပ်ထိန်းခွင့်ရချင်ပါတယ် "
ကွယ်ဝိုက်မနေပဲ တည့်တိုးဆိုလာသော
အပေးအယူက ဝင်းမင်းကို အနည်းငယ် အံသြစေတာတော့အမှန်ပင် ။ သို့သော် ထိုကောင်လေး မသိသည်က သူ့သားကို ဘယ်အရာနှင့်မှ မလဲနိုင်တာကိုပင် ဖြစ်လေသည် ။
YOU ARE READING
Brilliant
Actionတစ်ကြိမ်လား နှစ်ကြိမ်လား..မင်းအတွက်ဆို အကြိမ်ကြိမ်သေရဲတယ် This cover photo is not mine. Credit to owner. Start - 24.12.2020(Thu)