စတင်ဝင်ရောက်ခြင်း (စတင်ဝင်ရောက်ခြင်း)

3.5K 151 7
                                    

System သို့စတင်ဝင်ရောက်ခြင်း(Zawgyi)
______________________________

ကျွန်တော့နာမည်က "ပိုင်ဘုန်းမြတ်" ပါ ။ အသက်ကတော့
လွန်ခဲ့တဲ့ ၉ လပိုင်း September ကမှ ၁၈ ပြည့်တာပါ။
တရုတ်ရိုးရာဂီတမေဂျာ အထူးပြုတစ်ယောက်ပါ ။ ဘာလို့
တရုတ်ရိုးရာဂီတ ကိုယူတာလဲလို့ စဉ်းစားကောင်းစဉ်းစားကောင်း နေပါလိမ့်မည် ။ မားရော ပါးရောက တရုတ်လူမျိုး အစစ်တွေပါ ။ ပါးက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး မှာအကြီးပိုင်း အရာရှိတစ်ဦးပါ ။ ပါးကမားနဲ့လက်ထပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပြောင်းမိန့်ကျခဲ့ပါတယ် ။ ဒါကြောင့် ယခုလက်ရှိ
မြန်မာနိုင်ငံမှာ နေထိုင်ပါတယ် ။ မားက ပန်းအလှပြင်ဆိုင် အကြီးစား ကိုဖွင့်လှစ်ထားပါတယ် ။ ပြီးတော့ ညီမလေးတစ်ယောက်လည်းရှိပါသေးတယ် ။ နာမည်က "ပိုင်ပန်းချီ" တဲ့ ။ နာမည်ကထူးဆန်းတယ်မလား ။ ကျနော့်နာမည်လည်း 'ပိုင်' ပါတယ်လေ ။ အဲ့ဒီ 'ပိုင်' ကမျိုးရိုးနာမည်ပါ ။ မားက ပန်းအလှပြင်ဆိုင် ဖွင့်ထားတော့ ကျနော်ကအမြဲတမ်းကူညီပေးတယ်လေ ။ ကျနော်ကပန်းတွေကို အရမ်းနှစ်သက်တယ် ။
"Aster" ပန်းကိုတော့ အနှစ်သက်ဆုံးဖြစ်ပါတယ် ။ ကျနော်က စာရေးတာ ၊ စာဖတ်တာ ၊ ဟင်းချက်တာနဲ့ ပန်းအလှဆင်ရတာကို နှစ်သက်ပါတယ် ။ စာရေးဖြစ်ပုံက ညီမကြောင့်လို့ ပြောရင်ပိုမှန်ပါမယ် ။ သူက Fujoshi တစ်ယောက်ပါ ။
သူက Wattpad ဆိုတဲ့ App တစ်ခုကို လာပြပြီးတော့ အဲ့ထဲက Fiction တွေကိုဖတ်ခိုင်းတာကစတာပါပဲ ။ ကျနော်က Bi တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီလောကထဲကိုဝင်ပြီး Wattpad မှာစာစရေးခဲ့ပါတယ် ။ တစ်နေ့တော့
"ကျိုးယွင်ရှန့်" ရဲ့စွန့်စားခန်းတွေနဲ့ ချစ်သူကိုရှာပုံတော် ဖွင့်တဲ့ အကြောင်းကို ဖတ်မိခဲ့ပါတယ် ။ Lord God ရဲ့ System space ထဲကစွမ်းအင်အပိုင်းအစတွေကို ရှာပြီး ချစ်ရသူကို ရှာပုံတွေဟာ အရေးအသားပြောင်မြောက်ကြောင်းကိုပြသနေပါတယ် ။ System ဟုဆိုလိုက်ပါက 'ရှန်ချင်းချိုး' ကိုလည်းမေ့၍မရပေ ။ ဒါနဲ့ပဲ ရှိသမျှ System fic တွေကိုထိုင်ဖတ်နေတော့သည် ။ ပြီးတော့ ကိုယ်တိုင်လည်းရေးလာသည် ။ အရေးအသားတွေက စုတ်ချာနေပေမဲ့ ဖတ်သူရှိသောကြောင့် နှစ်သက်နေမိနေလေသည် ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ဖြစ်လာတော့မည်ကိုတော့ မထင်မိခဲ့ချေ ။

𝚂𝚊𝚟𝚎 𝚃𝚑𝚎 𝚅𝚒𝚕𝚕𝚊𝚒𝚗 𝙱𝚘𝚜𝚜 ( 𝚄𝚗𝚒𝚌𝚘𝚍𝚎 +𝚉𝚊𝚠𝚐𝚢𝚒)Nơi câu chuyện tồn tại. Hãy khám phá bây giờ