25.12.2020🐣💖🐰⛄
Unicode *
ဒီဇင်ဘာည နှင်းဖြူဖြူတွေကြားမှာ လှုပ်ရှားသွားလားကစားနေကြသော ကလေးငယ်များ ။
တီးဝိုင်းများနှင့်အတူ တစ်အိမ်၀င် တစ်အိမ်ထွက် လိုက်လံ ဖျော်ဖြေနေကြသော လူအစုအဖွဲ့များ ။
ထိုအသံများနှင့်အပြိုင် အိမ်တစ်အိမ်တွင် ပိစိပိစိ ညံ နေသော ကလေးတစ်ယောက်၏ အသံ။
"မေကြီး"
"ရှင့် "
"ဖေကြီးက မနက်ဖြန် သားကို ခရစ်မတ်နေ့ ညဈေးပွဲတော် လိုက်မပို့ဘူးတဲ့ "
" ဟုတ်လား "
"ဟုတ်တယ်..ဒီနေ့ ခရစ်မတ်အကြိုနေ့တောင် အိမ်အပြင်မထွက်တဲ့ သားလိမ္မာလေးကို မနက်ဖြန်တော့ လိုက်ပို့ပေးလေဗျာ နော်။ မေကြီး..ကူပြောပေးနော် "
ဒီချွဲနေသော ကလေးလေးကတော့ ကျွန်မတို့ ရဲ့ သားငယ်လေး ပတ်ဂျီမင်းပါပဲ။ အသက် ၁၀နှစ် နဲ့ အကုန်သိ အကုန်တတ် ကလေးလေး။
"ဖေကြီး မအားလို့နေမှာပေါ့ သားရယ်။ ဒီတစ်နှစ်တော့ အိမ်မှာပဲ နားလိုက်ပါ"
"အူဝါး..ဗြဲ.. ဒီချစ်ဖို့ကောင်းတဲ့ သားလေး တစ်ယောက်ရှိတာကို ညဈေးပွဲလေးတောင် လိုက်မပို့ဘူးတဲ့ ဗြဲ "
"အူဝါး..."
"ငိုနေရင် တစ်ကယ်လိုက်မပို့တော့ဘူး"
"အူဝါး..မငိုတော့ဘူး"
"မငိုလဲ ..လိုက်မပို့ပါဘူးနော်"
ဒါကတော့ လှေကားမှ ဆင်းလာသော ကျွေးဖခင်၏ အသံ။
"ဖေကြီး ကလည်းဗျာ..ဒီသားလေး တစ်ယောက်တည်း ရှိတာကို "
"ဖေကြီးက ဂျီမင်းနီးလေးကို မချစ်ဘူးလား"
"ဂျီမင်းနီးလေးကတော့ ဖေကြီးကို ချစ်လိုက်ရတာ"
"ဖေကြီးကတော့ ဟင့် "
"တော်စမ်းကွာ.. ဒီနှစ်ထဲ မသွားရတာကို ငိုမနေနဲ့"
"မသိဘူးဗျာ..တစ်နှစ်ဆိုလည်း တစ်နှစ်ပဲ "
မဟုတ်ဘူးလား။ တစ်နှစ် မှာ တစ်ရက်တည်း လေ။ နောက်နေ့ လည်ချင်ပါတယ်ဆို ရသေးလို့လား လို့။ ဂျီမင်းနီးလေး တစ်ကယ် ငိုချင်နေပါပီနော်။ အူဝါး.....
YOU ARE READING
Merry Christmas Ko Ko 💖⛄
FanfictionMerry Christmas ပါကိုကို 🐰💓 Merry Christmas ပါညီ 🐣💖