December 25,1996"အန်တီမေ သားသားကြိုက်တဲ့ စတော်ဘယ်ရီ ကိတ်မုန့်လေးလဲ
လုပ်ပေးပါ ပြီးတော့ အသားကင်ရော..အသီးဖျော်ရည်လေးရော
နော်...နော်""ဦးလေးကျင်း သားသား အခန်းရဲ့ ပြတင်းပေါက်မှာလဲ
မီးလုံးတွေတပ်ပေးအုံး.. အဲ့လိုလှလှလေးတွေ."ဝမ်အိမ်တော်ကြီးမှာ... ခရစ်စမတ် ပွဲတော်အတွက် ပြင်ဆင်နေရင်း
အလုပ်သမားတွေက အလုပ်ရှုပ်နေသလို....
အိမ့်ဆည်းလည်းလေး ရှောင်းကျန့် ကလဲ အရှုပ်တွေလိုက်လုပ်နေရှာသည်...
ဝမ်ကျင့်ဟူနဲ့ ဇနီး မေလီတို့ဇနီးမောင်နှံက ကလေးအရမ်းလိုချင်ရှာပေမဲ့ မေလီရဲ့ ကျန်းမာရေး ချူချာမှုကြောင့် ကိုယ်ဝန်မဆောင်နိုင်ဖြစ်ခဲ့ရသည်.
ဒါကြောင့် လွန်ခဲ့တဲ့သုံးနှစ်လောက်မှာ မိဘမဲ့ဂေဟာ တခုကို
သွားပြီး သုံးနှစ်သာရှိသေးသည့်ကလေးလေး ရှောင်းကျန့်ကို
ဝမ်မျိုးရိုးတပ်စေပြီး စာချုပ်စာတန်းနှင့် သွေးသားရင်းပမာ
မွေးစားခဲ့သည်... ကလေးအရမ်းချစ်တတ်သည့် ဝမ်ဇနီးမောင်နှံ
က တဦးတည်းသော သားလေး ရှောင်းကျန့်ကို အရမ်းဂရုစိုက်
ချစ်ကြသလို.. ရှောင်းကျန့်ကလဲ အရမ်းသိတတ်လိမ္မာတဲ့
သားလေးတစ်ယောက်ဖြစ်သည်...ခရစ်စမတ်ပွဲတော်ဆိုတာ ရှောင်းကျန့်လေး အပျော်ဆုံးနေ့ရက်တခု.
မုန့်တွေလဲ အများကြီးစားရသလို... ပါးနဲ့မားရဲ့ မိတ်ဆွေတွေက ပေးတဲ့ လက်ဆောင်တွေလဲ ရသေးတာ...အဲ့ထဲမှာမှ
"Santaက သားလေးအတွက် လက်ဆောင်ပေးလိုက်တာ"
လို့ ပြောပြီး ပေးတတ်တဲ့ ပါးဆီက လက်ဆောင်လေးတွေက
ရှောင်းကျန့်အမြတ်နိုးရဆုံးလေးတွေပေါ့....
ဒီနှစ်အတွက်လဲ ရှောင်းကျန့်က ပါးဆီကလက်ဆောင်လေးကို
မျှော်လင့်နေမိသည်...."မား သားသားဘာကူလုပ်ရအုံးမလဲ"
_မီးဖိုထဲမှာ ဘီစကွတ်မုန့်ဖုတ်ဖို့ ပြင်ဆင်နေတဲ့ မားဆီသွားပြီး
အကူအညီပေးဖို့စဥ်းစားမိသည်..."ရပါတယ် သားလေးရယ်...သားလေးသာ လျှောက်မမွှေပဲ ငြိမ်ငြိမ်လေးနေ "
"ဟီး မားကလဲ"
_ဒီလို ခြောက်နှစ်အရွယ်လေးနဲ့ သိတတ်လွန်းတဲ့ ရှောင်းကျန့်လေးကို မေလီ ချစ်ရပါသည်...
ဒါပေမဲ့ မေလီနေလို့မကောင်းနေတာ ကိုယ်တိုင်သာ သိသည်
ပျို့အန်ချင်နေသလိုဖြစ်ပြီး ခေါင်းကလဲ တရိပ်ရိပ်နဲ့...