#Unicode
ကလေးတွေအိပ်ပျော်သွားကြတော့
ထယ်လေးမိဘတွေရောက်လာကြသည်..။"အကိုဆော့ဂျင် လာဝင်ခဲ့
အကိုနမ်ဂျွန်းရောပါတာလား''"ဟုတ်တယ် ဂျီမင်းရေ
အကိုတို့ပြောစရာရှိလို့
ထယ်လေးကိုထိန်းပေးထားလို့ရမလား
အကိုတို့က ထယ်လေးရဲ့မွေးခါနီး
ကိုယ်ဝန်နဲ့ လက်ထပ်ကြတာမို့
ဟန်းနီးမွန်းမထွက်ခဲ့ရလို့ ထွက်ကြမလို့''"ရတာပေါ့ ဒါဆို ကုကီကေတာ့ သူ့ကိုကိုရှိလို့
အိပ်တော့မှာ မဟုတ်ရင် ဆူညံနေရောပဲ''"ကျေးဇူးပါညီမရေ နောက်နေ့သွားရမှာမို့လေ
ထယ်လေးအကျီတွေလာပို့တာ အဝတ်တွေလဲထည့်ရဦးမှာမို့ သူ့ကိုထိန်းဖို့အချိန်မရဘူး ညီရယ်
ထယ်လေးကို အပ်ပါတယ်နော်''"ရပါတယ် အကိုရယ် ထယ်လေးကိုဝင်တွေ့သွားပါဦး''
"အင်း ဒါဆိုဝင်ပြီနော်''
"ဟုတ်ကဲ့''
နမ်ဂျွန်းနဲ့ဆော့ဂျင်က ကလေးတွေကိုလာဝင်ကြည့်ကြသည်..။ ပိစိသေးသေးလေးရဲ့ ရင်ခွင်ထဲဝင်အိပ်နေတဲ့ သူတို့သားကိုမျက်စိမလွှဲကြပေ..။
"ခင်ဗျားသားကိုကြည့်ဦး အကိုဖြစ်ပြီး
ကလေးပေါက်စရင်ထဲဝင်ခွေနေရတယ်လို့''"ဟုတ်ပါ့ကွာ မင်းနဲ့သိပ်တူတာပဲ''
"ခင်ဗျားနော်''
ဆော့ဂျင်ရဲ့လက်သီးဆုပ်လေးနဲ့သွားထိုးတော့
နမ်ဂျွန်းက တစ်ဟဟရီလေရဲ့...။"ဟာ အကိုနမ်ဂျွန်းတို့ပါလား
ဘာကိစ္စ''"အာ ယွန်းဂီ
အကိုတို့ ဟန်းနီးမွန်းထွက်ကြဖို့လေ ဟဲဟဲ''"တစ်ခါထဲ နောက်ကလေးထပ်ယူကြမယ်ပေါ့''
"ဘယ်လိုသိတာတုန်း''
"အကိုနမ်ဂျွန်းရဲ့ ဟဲဟဲဆိုတဲ့အသံကသိသာတယ်လေ''
"ခင်ဗျားတော်တော်ဖြစ်
ယွန်းဂီ ဒါဆို ကိုယ်တို့သွားပြီ''"ဟုတ်ကဲ့ဗျ သြားပါ''
နမ်ဂျွန်းတို့ထွက်သွားသည်နှင့်
ဂျီမင်းတို့လဲ အိပ်ရန်ပြင်လိုက်သည်..။
YOU ARE READING
Hyung Is Mine //TK//
Fanfiction[ZawGyi] တိုတိုထယ္က တားဟာ..။ တားအပိုင္ပဲ..။ own creation by KV_LOVES. [Uni] တိုတိုထယ္က တားဟာ..။ တားအပိုင်ပဲ..။ own creation by KV_LOVES