Chapter 1. (Z)

1.9K 163 8
                                    

တစ်နေ့ ကျွန်တော့်အခင်ဆုံးသူငယ်ချင်းဆီ သွားလည်ချိန်မှာ သူ ဖြေလျော့နေတာကို တွေ့ခဲ့ရတယ်။ ပါးစပ်ဖျားက ကျွန်တော့်နာမည်ကို ခပ်ဖွဖွညည်းလို့ပေါ့။

By My Side

နှိုးစက်သံတတီတီက အခန်းထဲဆူညံနေတယ်။ alarm ပေးထားတဲ့ အိမ်ကြီးရှင်က တုတ်တုတ်မလှုပ်။ အိပ်မက်ကမ္ဘာထဲ လွင့်ကောင်းတုန်း။

"ဝေး ရှောင်းကျန့် ထတော့!!"

ခပ်သြသြအသံနဲ့အတူ ခေါင်းထိပ်ကိုလွင့်လာတဲ့နှိုးစက်နာရီ။

"အောင်မလေး သေပါပြီ! ဘယ်ကောင်...."

မျက်လုံးက မပြုံးမရယ်မျက်နှာတစ်ခုကိုမြင်လိုက်ချိန် စကားစတွေ ဆက်မထွက်လာ။

"ရိ... ပေါ်"

ဒေါသထွက်နေပုံရတဲ့ ရိပေါ်က မျက်မှောင်ကျုံ့လျက် မကြည်ကြည့်နဲ့ကြည့်တယ်။ ရှောင်းကျန့် အူကြောင်ကြောင်ဖြစ်နေတုန်း လက်တစ်စုံက အင်္ကျီရင်ဘတ်ကိုဆောင့်ဆွဲလာလေရဲ့။

"မင်းနှိုးစက်သံကို ဟိုဘက်ခြမ်းကတောင်ကြားရတယ် နှိုးစက်ပေးထားရင် ပေးထားတဲ့အချိန်ထလေ!"

"ဟေး.. ဟေး စိတ်လျှော့ပါ ငါမှားပါတယ် ငါမှားပါတယ်"

"မှားမှန်းသိသေးတာပဲ ဟမ်? မင်းပဲဒီနေ့စောစောထရမယ်ပြောခဲ့တာမလား ဘာလို့ဖင်ထောင်အိပ်နေတာလဲ"

ရှောင်းကျန့် ရှုပ်ပွနေတဲ့ခေါင်းကို တဗျင်းဗျင်းကုတ်ရင်းတွေးလိုက်တယ်။

//ငါအိပ်ရင် ဖင်ထောင်လို့လား//

"အိပ်ယာထဖို့သူများကနှိုးနေရတယ် ဘယ်အရွယ်ရှိပြီလဲ ရင့်ကျက်စမ်းပါ"

ရိပေါ်က စိတ်တိုတိုနဲ့ သူဖွထားတဲ့အ၀တ်ပုံကိုရှင်းပေးနေတယ်။ ဒါ ပုံမှန်ပဲ။ အမြဲတစေ ပွစလောင်းလန်နေတဲ့ အိပ်ခန်းလေးဟာ ရိပေါ်မှမကယ်ရင် အမှိုက်ပုံဖြစ်ပြီ။ အိမ်လာလည်တိုင်း ရှင်းလင်းရေးလုပ်တတ်တဲ့ရိပေါ်ကြောင့်သာ လူနေအိမ်နဲ့တူနေတာ။

ဝမ်ရိပေါ်ဆိုတဲ့ ဒီတစ်ယောက်နဲ့ ရှောင်းကျန့်ဆိုတဲ့ကျွန်တော်ဟာ အထက်တန်းတည်းက တွဲဖက်ညီတဲ့သူငယ်ချင်းတွေ။ အခုချိန်ထိခင်လာတာ (၁၀)နှစ်ရှိပြီ။

By My Side ||ZhanYi||Where stories live. Discover now