ARC(1) PART(11)

794 70 6
                                    


(Zawgyi)

  John..ဟိတ် ကိုယ့်အသည်းလေး မိပြီကွ ဆိုပြီး သုတကိုယ်လုံးလေးကိုအနောက်ကနေဖက်ထားလေတယ်

  သုတသူ့ကို အနောက်ကနေလာဖက်တဲ့လူကြီးကြောင့် နှုတ်ခမ်းဆူမိသွားတယ်
ဘယ့်နှယ်straightစစ်စစ်ကြီးကို
သမီးရည်းစားတွေ ကျီစယ်နေသလိုမျိုးဖြစ်နေတာလဲ
တကယ်ဆို ငါကဖက်ရမှာမဟုတ်ဘူးလား
ဟွန့် ရင်ဘတ်ထဲကအကောင်ကငြိမ်ငြိမ်မနေဘူး ဗိုက်ဆာလို့လားမသိဘူး

(အကုန်မြင်နေကြားနေရတဲ့systemကတော့ စိတ်လေတယ်ဆိုတဲ့အကြည့်တွေနဲ့ကြည့်နေတယ်)
     သုတပြီးတော့မှ စဉ်းစားနေရင်းwtf ဇာတ်လိုက်မကြီးကိုမေ့သွားတာပဲ
သူထပ်မေ့နေခဲ့တာက သူ့ကိုယ်လုံးလေးက Johnရဲ့ရင်ခွင်ကျယ်ကြီးထဲမှာဆိုတာကိုပေါ့
    လမ်းမပေါ်ကသူတွေကလည်းသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နှင့်

John..ကတော့ နွားပွဲစားမျက်နှာနဲ့ သူ့အချစ်လေးကမရုန်းတာကို ဂုဏ်စာနေတယ်  (ဟမ့် ဟိုကမချစ်သေးပဲနဲ့လို့လာမပြောနဲ့ မင်းတို့တောင် ဒီလိုရည်းစားမဖြစ်သေးခင်မှာဖက်ဖို့အခွင့်အရေးရှိလားfaတွေ😎)

  ပြီးတော့မှ သုတတစ်ယောက် သူ့ကိုဖက်ထားတာသတိရသွားပြီး
ဟခင်ဗျားကြီးဖယ်လေ

John..ဟဲဟဲဆောရီးချစ်လေး
ဆိုပြီးဖက်ထားတာကိုလွှတ်ပေးလိုက်တယ်

  ချီးကို ချစ်လေး လက်သီးစာမိချင်လို့လား ဒါနဲ့ကျွန်တော်တို့ အိမ့်ကျော်စင်ကို
မေ့သွားတယ်

John..ထားလိုက် ဂရုစိုက်မနေနဲ့ သူ့ဘာသူပြန်လိမ့်မယ် အသက်ကပဲ အိုနေပြီ ဒီနားလေး မပြန်တတ်ရင် အသုံးကျမှာမဟုတ်ဘူး  ဒါနဲ့အသည်းလေး အိမ်ပြန်မှာမလား ကိုယ်လိုက်ပို့မယ်လေ

   ဘာလဲ ခင်ဗျားပဲပြောတော့ ဒီအသက်အရွယ်မပြန်တတ်ဘူးဆိုရင် အသုံးမကျဘူးဆို

John..ဟိုဟာကသူကအသက်ကြီးနေတာလေ ကိုယ့်ကလေးလေးကဖြူအုနုဖတ်ပြီး သူ့နဲ့ရွယ်တူမပြောနဲ့ သူ့သားလောက်ပဲရှိတယ်လို့ထင်ကြမှာ ပြီးတော့သူ့လိုအဖွားကြီးရုပ်ကိုဘယ်သူမှမကြိုက်ဘူး ကိုယ့်ကလေးလေးက ဒီလောက်ချော တစ်ခြားသူတွေကြိုက်သွားရင်ဘယ်လိုလုပ်မလဲ ကိုယ်စိတ်မချဘူး လာပါ ကိုယ်ကားနဲ့အိမ်ပြန်ပို့ပေးမယ်
(ကလေးရယ် မင်းဘေးမသိပါဘူး အဲ့စုန်းမလိုကောင်မကဘယ်လောက်ထိ ကောက်ကျစ်လည်းဆိုတာ အရင်တုန်းကတော့ ရိုးရိုးသားသားထင်ပြီး သူသတ်တာခံလိုက်ရတဲ့အချိန်ကို
ပြတ်တ်သားစွာမှတ်မိနေတုန်းပဲ)

HOW TO MAKE THIS HOST GAY😉Where stories live. Discover now