💜1💜

342 37 3
                                    

Zawgyi ver💜

မနက်ခင်း နေထွက်စပြုချိန်ဖြစ်၍ ငှက်ကလေးများ လည်း ကျွိကျွိ ကျွိကျွိ နှင့်သာယာစွာတွန်ကြူးနေကြသည်

ထိုသို့သာယာသောမနက်ခင်းအချိန်လေးတွင် အခန်းငယ်တစ်ခု၌ ခန္ဓာကိုယ်တစ်ခုလုံးပျောက်လုနီးပါး စောင်ထဲတွင်နစ်မြုပ်နေလျက် ပါးစပ်လေးဟ၍ အိပ်ပျော်နေသော ချစ်စရာကလေးငယ် တစ်ဦးရှိလေသည်

ထိုစဉ်......

"ကုကုလေးရေ...သားငယ်လေး...ကုကုရေ..ထတော့ ကျောင်းသွားဖို့ အချိန်နီးနေပြီ" ဟူသော မေမေ့၏ သာယာနာပျော်ဖွယ် အသံကိုကြားသော်လည်း ကုကုလေးမှာတော့ နွံထဲရောက်နေသည့်အလား နစ်မြုပ်နေဆဲပင်

အချိန်အနည်းငယ်ကြာပြီးသောအခါ.....

Mrs.Jeon တယောက် အပေါ်ထပ်မှ ကုကု အသံကိုနားစွင့်သော်လည်း မကြားရသောကြောင့်

"ဟယ် ဒီကလေးလေး နှိုးတာကြာပြီ အခုထိ မထသေးဘူးလား မသိဘူး အပေါ်ထပ်ထိသွားနှိုးမှရမယ်ထင်တယ်"

ထို့နောက်အပေါ်ထပ်သို့တက်ကာ ဘယ်ဘက်ထောင့်စွန်းသို့ ဦးတည်ပြီး အခန်းလေး တစ်ခန်းရှေ့တွင်ခြေလှမ်းများရပ်တန့်ခဲ့သည်

ထိုအခန်းတံခါးတွင် ယုန်ပုံလေးနှင့် ကုကုပိုင်သော ကုကုကမ္ဘာလေး ဟူသော ဆိုင်းဘုတ်လေးချိတ်ဆွဲထားသည်

Mrs. Jeon သည် အခန်းတံခါးကို ၃ချက်ခေါက်၍
"မေမေဝင်လာပြီနော် ကုကုလေး"ဟုအသံပေးကာ အခန်းထဲဝင်သွားလေသည်

အခန်းထဲသို့ရောက်သောအခါ ထင်သည့်အတိုင်းပင်
စောင်နှင့်လုံးထွေးကာ ပုစွန်တုပ်လေးကဲ့သို့ကွေးနေသည့် မိမိ၏သားငယ်လေး

"ကုကုရေ  သားငယ်လေး ကုကုလေး"

"အွန်း.....အင်းးး....."

" ထတော့ ထတော့ မေမေကောင်းကောင်း နှိုးနေတုန်းထနော်ကုကု"

".........."

"Jeon Jungkook!!!! မထသေးဘူးလား ကျောင်းသွားဖို့ အချိန် နီးနေပြီ "

ဒါကတော့ မနက်တိုင်းဖွင့်တဲ့ မေမေ့ရဲ့  ဓာတ်ပြားဟောင်းကြီးပါ.....

"ဝါး..... Mrs. Jeon.   ကလည်း အခုမှ အစောကြီးရှိသေးတာကို"

မျက်လုံးမပွင့်ဘဲ စောင်ပုံကြားထဲစောသေးကြောင်းပြောနေသော ကုကုလေးအား

ကိုကိုသည်သာ ကျနော့်အပိုင်💜Where stories live. Discover now