မနက်ခင်းရဲ့နေရောင်ခြည် က သူမမျက်နှာပေါ်သို့ တည့်တည့်မတ်မတ်ကြီး ဖြာကျနေသည်.
စူးရှသောအလင်းရောင်ကြောင့် သူမ မျက်လုံးတွေ ပွင့်စပြု လာသည်..
ချက်ချင်းတော့ဖွင့်မရ..
တဖြေးဖြေး အားယူကာ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည်..
နေတောင်ထွက်လာပြီပဲ..
သူမ ပိတ်ထားသော ကားပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်.
ပြတင်းပေါက်ဖွင့်လိုက်သည်နှင့်တပြို င်နက်..
မနက်ခင်းရဲ့လတ်ဆတ်သောလေနုလေအေးလေးတွေက သူမ ဆီသို့ အတင်းတို့ဝှေ့ ပြေးဝင်လာပါတော့သည်..
သူမ မျက်လုံးလေး အသာမှိတ်ကာ လေညင်းလေးတွေရဲ့အထိအတွေ့ကို ခံယူလိုက်သည်..
နေမပွင့်တပွင့်အချိန်လေး..
ပြာလဲ့သောမိုးကောင်းကင်ကြီးနဲ့..
အဝါရောင်ပန်းခင်းများက.
မနက်ခင်းရဲ့ပန်းချီကားတချပ်လို လှပ လှသည်..
ထိုပန်းချီကားလေးထဲတွင် သူမ အနှစ်သက်ဆုံးက အဝါရောင်ပန်းခင်းကျယ်ကြီး ပဲဖြစ်လိမ့်မည်..
သူမအတွက် ဤပန်းခင်းကျယ်ကြီးသည် ငယ်စဉ်က သူငယ်ချင်းတွေနဲ့ဆော့ကစားရာ ကစားကွင်းတခုဖြစ်ခဲ့သည်လေ..
ပန်းခင်းကြီးက မြို့ ပြင်ဘက်နားမှာဖြစ်သောကြောင့် ဆရာမကြီးက သူမတို့လို ကလေးတွေကို လိုက်မပို့..ဒီတော့လဲ သူငယ်ချင်းတွေဆရာမကြီးအလစ်မှာ ဒီပန်းခင်းကြီးထဲကို ခိုးလာပြီးး ကစားကြတာပေါ့
hin!ဟုတ်သားပဲ ဒီပန်းခင်းကြီးက Gamcheon မြို့ အပြင်ဘက် မှာရှိနေတာပဲ...အာ့ဆို...
' Ajushi! Gamcheon မရောက်သေးဘူးလားဟင်!
သူမ Driver Ajushi ကို ဇဝေဇဝါဖြင့်မေးလိုက်သည်..
' Gamcheon လား ကျော်ခဲ့ပီလေ မိန်းကလေးရဲ့'
' ရှင်!! Ajushi!! Stop! Stop!'
သူမ ပျာပျာသလဲBus ပေါ်မှ ဆင်းလိုက်သည်..
arshi! တကယ်ပါပဲ စောစောရောက်အောင်လို့ မနက်အစောကြီး ထလာပါတယ်ဆိုမှ ...