~ 5 ~ (Unicode)
"မင်းတို့နှစ်ယောက်လုံးက ချင်းမိုင်ကပေါ့ အရင်ကတည်းကခင်ကြတာလား"
Kin က Classroomရဲ့ စတုတ္ထမြောက်အတန်းမှာ Christianနဲ့ Dreamတို့နဲ့တူတူထိုင်ရင်း တအံ့တဩမေးလိုက်တယ်။
"ငါနဲ့ Dreamက အထက်တန်းထဲက သူငယ်ချင်းတွေ"
"အားကျလိုက်တာကွာ ငါ့သူငယ်ချင်းတွေက Uniမတူတော့ ဖူးခက်မှာကျန်ခဲ့ပြီ"
"ဘာမှမဖြစ်ပါဘူးကွာ အခုငါတို့က မင်းသူငယ်ချင်းပဲပေါ့ BKရဲ့"
"အေးပါအေးပါ"
"နေအုန်း ညကျရင် ငါတို့အဆောင်ကိုပြောင်းလာတဲ့အထိမ်းမှတ်အနေနဲ့ ဘာလုပ်ကြမလဲ"
Dreamက စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့မေးလိုက်တယ်။"စာကျက်ကြမယ်လေ"
"ချီး"
Kinရဲ့ အဖြေစကားကြောင့်
ခုနက စိတ်လှုပ်ရှားနေတဲ့ Dreamရဲ့မျက်နှာကချက်ချင်းမဲ့သွားပြီး Christianကလည်း Billkinကိုမျက်စောင်းထိုးလေသည်။"Roll 1လို့မပြောရဘူး လာပြီ"
သူ့ကို ရှုံ့မဲ့ပြီးကြည့်နေတဲ့နှစ်ယောက်ကို Kinကရယ်ကာ
"ဟေ့ကောင်တွေ ငါကစတာပါကွ Uniပထမဆုံးနေ့မှာ စာကျက်ရလောက်သည်ထိ ငါကမအပါဘူး"
"အဲ့လိုလုပ်စမ်းပါ ဒါဆို ငါတို့တစ်ခုခုသွားစားကြမလား"
"အင်း ဘယ်ဆိုင်ကောင်းလဲမသိဘူး ရှာကြည့်ဦးမယ်"
Dreamနဲ့Christက ဖုန်းထဲကနေ Bangkokက စားသောက်ဆိုင်တွေရှာနေတာကြည့်ရင်း မားရဲ့ ခေါက်ဆွဲဆိုင်ကို Kin ပြေးသတိရသည်။ အကယ်၍ သူတို့သာ ဖူးခက်မှာဆိုရင် မားရဲ့ဆိုင်ကိုခေါ်သွားလိုက်ရုံပင်...
"မင်းတို့ရှာထားနှင့် ငါနေရာသွားဦးလိုက်ဦးမယ်"
"နေရာက ဦးစရာလိုလို့လား မင်းက Roll 1ဆိုတော့ ရှေ့ဆုံးတန်းရဲ့ အစွန်ဆုံးခုံမှာထိုင်ရမှာပေါ့"
"အဲ့ခုံက ပြတင်းပေါက်နဲ့ရော အဝင်ဝနဲ့ရောနီးတယ် လူသွားလမ်းကိုလည်းမြင်နေရတယ် ငါက အထက်တန်းကတည်းက အဲ့လိုနေရာရှောင်တယ် စာသင်နေရင် အာရုံများလို့"
YOU ARE READING
▪️ I N T E R S E C T I O N ▫️
FanfictionCan two parallel lines have an intersection point? This is my 2nd BKPP fan fic🤍