Part 1

119 13 0
                                    

သူ့အတွက်နေ့လည်စာမှာပေးပြီး သူ့အလာကိုကျတော်ထိုင်စောင့်နေလိုက်တယ်....ဟောရောက်လာပါပြီ သူ့ဘေးမှာကောင်မလေးတစ်ယောက်

"Hey Chimon"

သူနဲ့အတူကောင်မလေးလည်းကျတော်တို့စားပွဲမှာလာထိုင်တယ် ကောင်မလေးက ကျတော့ဘေးဝင်ထိုင်တော့

"May အဲ့ဒါငါ့ရဲ့ကိုယ်ပိုင်နေရာ"

"ဟမ်"

"အော် သူ့ဘေးမှာငါကလွဲရင်ဘယ်သူမှထိုင်ခွင့်မရှိဘူးလို့ပြောတာ"

ဟဟ သူကိုယ်တိုင်ခေါ်လာတဲ့ကောင်မလေးနဲ့လည်း သဝန်တိုပြန်ပြီ ဒီကောင်လေးကတော့
သူပြောပြီးပြီးချင်းကျတော့ဘေးကိုဝင်ထိုင်လိုက်တယ်

"Non သူက May ငါ့ညီမတစ်ဝမ်းခွဲ May သူက Nanon ငါ့သူငယ်ချင်း"

"တွေ့ရသာဝမ်းသာပါတယ် နောင်လမ်းမှာတွေ့ရင်လည်းခေါ်ပါ ညီမလေးတစ်ယောက်လိုသဘောထားပြီးဆုံးမသွန်သင်ပေးပါ"

"မလိုဘူး တွေ့မှာလည်းမဟုတ်ဘူး မတွေ့အောင်ရှောင်"

"P'Chimon ကလည်း"

"ငါမလဲဘူး ထမင်းစားနေတယ်"

"ဟင့်"

သူတို့မောင်နှမနှစ်ယောက်ရန်ဖြစ်နေတာကတကယ့်ကိုရယ်စရာကောင်းတယ် ထမင်းစားပြီးတော့ ကျတော်သူ့ကိုအတန်းဖက်လိုက်ပို့တယ်

"Non"

"အင်း"

"အတန်းပြောင်းခဲ့ပါလား?"

ကျတော်က A ခန်း သူက C ခန်း အဖေနဲ့အမေကအမြဲ A ခန်းမှာပဲနေစေချင်တာ ဒါကြောင့်ကျတော်အမြကြိုးစားတယ် သူကလည်းအမြဲ A ခန်းမှာပါပဲ မနှစ်က သူ့ရဲ့မိသားစုကိစ္စလေးတွေကြောင့် ဒီနှစ် C ခန်းရောက်သွားတာ

"အဲ့ဒါကဟိုလေ"

"သိပါပြီ မပြောင်းချင်ဘူးမလား? ရပြီပြန်တော့ ငါ့အခန်းရောက်ပြီ"

ဒီကောင်လေးစိတ်ဆိုးသွားပြီ.....

ညနေ ကျောင်းဆင်းလို့အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး သူကျတော့ကိုစကားမပြောဘူး ဒီနေ့ညတော့ကျတော့ဘယ်လိုအိပ်ပျော်ပါတော့မလဲ ချစ်ရတဲ့သူနဲ့ စကားသံကော အပြုံးပါ မမြင်တွေ့ရတော့ရင်ထဲမှာ နာလိုက်တာ

"Mon"

သူလှည့်ကြည့်လာတယ်

"ငါအခန်း​ပြောင်းလာခဲ့မယ်"

"တကယ်နော်"

"အင်း ငါ့ကိုစိတ်မဆိုးနဲ့တော့နော်"

"အွန်း"

သူ့ရဲ့ချစ်စရာကောင်းလောက်တဲ့အပြုံး ကြောက်စရာကောင်းတဲ့အပြုံး နဲ့ သူကျတော့်ပေါ်ခုန်တတ်လာခဲ့တယ် အွန်း ချစ်ရသူရဲ့စကားတခွန်းကြောင့် အဖေနဲ့အမေရဲ့ စကားလွန်ဆန်လိုက်ပြီလေ တောင်းပန်ပါတယ် အဖေနဲ့အမေ

(ကြောက်စရာကောင်းတဲ့အပြုံး ဆိုတာက သူ့အပြုံးကိုတွေ့တဲ့သူတိုင်းက သူ့ကိုစွဲလန်းသွားတယ် ချစ်မိသွားတယ် ဒါကြောင့်အဲ့လိုသုံးလိုက်တာပါ)

ရေချိုး ညစာစားပြီး စာလုပ်ဖို့ပြင်ဆင်နေတုန်း....

Ring Ring

"Hello Chimon ပြော"

"မင်းကဘာလဲကွာ"

"ဘာကိုလဲ?"

"ငါ့ကို အမျိုးမျိုးခေါ်နေတော့တာပဲ Chimon ဆို Chimon ပဲခေါ် Mon ဆို Mon ပဲခေါ် "

သူမကြားလောက်တဲ့စိတ်ထဲကနေ မင်းကိုငါက 'အချစ်' လို့ပဲခေါ်ချင်တာ

"အေးပါ Mon ရေ ပြောပါ အခု Ph ဆတ်တာက"

"ဟင့်အင်း ဒီအတိုင်းလွမ်းသွားလို့"

ဒီကလူက မင်းအပြုံး မင်းအပြုအမူတွေကြားမှာ အရည်ပျော်နေပြီ အခုလည်း စကားလုံးလေးတွေ နဲ့ ထပ်ပြီး ဖျော်နေပြန်ရော.....

"ဟဟ မင်းဘာလုပ်နေလဲ?"

ညစာစားမလို့ ပြီးရင် စာကြည့်မယ် မင်းနဲ့အတူ တက္ကသိုလ် အတူတူသွားချင်တယ် ဒါကြောင့် စာကြိုးစားမလို့ မင်းကော"

"ငါလည်း စာကြည့်မလို့"

"ဒါဆိုလည်း ကြည့်လေ Ph ချလိုက်တော့မယ်"

"အွန်း စောစောအိပ်နော် Mon"

"မင်းကောပဲ"

တီ....Ph ကျသွားတော်ပေါ်လာတဲ့ Screen ပေါ်က သူ့အပြုံးလေး ငါမင်းကိုချစ်တယ် Mon ဘယ်လိုသတ္တိတွေနဲ့ဖွင့်ပြောရမလဲ ငါမသိတော့ဘူး......

...မင်းရဲ့ပါးချိုင့်နဲ့မင်းရဲ့အလိုလိုက်မှုတွေကြောင့် မင်းကိုချစ်တဲ့အချစ်တွေကပိုပိုများလာပြီ Non...

နှစ်ရက်နားပါမယ်နော် တခြား Yizhan fic up မလို့ပါ နှစ်ရက် Up နှစ်ရက်နားပေါ့ ညအားရင်လည်း Up ပေးပါမယ်နော်

I am your boyfriend Where stories live. Discover now