Unicode
.....................မာန် စဉ်းစားရင်းအဖြေကလုံးဝထွက်မလာပေ ။ မနေ့ညက အရှင်လတ်လတ်ကြီး သူ့မျက်လုံးနဲ့တွေ့ခဲ့ရတဲ့သူတစ်ယောက်က မရှိစာရင်းဝင်နေတယ်တဲ့ ။
ပြီးတော့ စစ်ကိုပြောတာက ထိုလူက ဟိုတစ်နေ့ကဘုန်းစစ်ကိုလိုက်ပို့တော့ ကားမောင်းသူနေရာမှာထိုင်နေတဲ့သူနဲ့ အတော်တူသည်တဲ့ ။
စီးလာတဲ့ကားကလည်း လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ကားသင်္ချိုင်းမှာတဲ့ ။ သူဘယ်လိုမှမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
ဒါပေမယ့် သူရအောင်စုံစမ်းမည် ။အဲ့တာဆို ဘုန်းစစ်နဲ့ကတော့တစ်ခုခုပတ်သတ်နေလိမ့်မည် ဟုတွေး၍
" စစ်ကို ငါအပြင်ခဏသွားဦးမယ် "
ပြောရင်း ခြေလှမ်းကျယ်ကြီးနှင့် ထွက်သွားသော မာန့် အနောက်ကိုပြေးလိုက်၍
" Boss ဘယ် ဘယ်သွား.... "
" မာန် မာန် ဟေဇယ်ပြောစရာရှိ "
ပြေးထွက်သွားသော မာန့် ကိုအဝင်အဝတွင်တွေ့လိုက်သော ဟေဇယ် ကပြေး၍လိုက်ခေါ်လေသည်။ မာန် လည်းဂရုမစိုက်ဘဲ ကားဆီကိုသာထွက်လာလိုက်သည်။
မောင်းနှင်လာသော မာန့်ရဲ့နက်ပြောင်ရောင် ကားလေးသည် တစ်နေရာအရောက်တွင်ရပ်သွားသည်။
ခြံတံခါးကို ဖွင့်ကာ ဝင်လာတာမို့ အိမ်စောင့်ဦးလေးကြီးကလာကာ
" ခဏေနပါဦး လူလေး မင်းသူများအိမ်ကိုမပြောမဆို.... "
" မုန်းမာန်စစ်သွေး! "
ဘာမပြောညာမပြောနဲ့ အိမ်ထဲဝင်လာတဲ့ မာန့် ကြောင့် ဘုန်းစစ်လည်း အောက်ထပ်ကိုဆင်းကာကြည့်တော့ အသည်းအသန်းတွေဖြစ်နေတဲ့မာန့်ကိုတွေ့လိုက်ရတာမို့ အိမ်တံခါး၀တွင် ပိတ်ရပ်နေလိုက်သည် ။
ပေးဝင်လို့မဖြစ်ဘူး ။ ထိုက် ဖျားနေတယ် ။ တွေ့သွားခဲ့ရင်ဆိုတဲ့အသိက သူ့ကိုပြန်သတ်တယ် ။
" မင်း ငါ့အိမ်ကိုမပြောမဆိုနဲ့ဘာလာလုပ်တာလဲ? "
" ဘာလာလုပ်ရမှာလဲ လူလာရှာတာလေ "
" မင်းစောက်ပြသနာတွေကိုမီးထိုးရှာနေတဲ့ကောင် မတော်နိုင်သေးဘူးလား ဟမ်!"
YOU ARE READING
လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }