အခန်း ၅ (Chapter 5)

3.7K 300 122
                                    

(Unicode Version)


အချိန်ကြာလာတော့ 'အေးချမ်း'ရဲ့အမေက ခွင့်လွှတ်ပေးလိုက်ဖို့ စဉ်းစားထားတဲ့ပုံပဲ။ သူ့အဖေကြောင့်သာ ကျွန်တော်တို့ဆီကို မဆက်သွယ်ရသေးတာတဲ့။ တီလေးက ကျွန်တော်တို့အတွက် လိုက်စုံစမ်းပေးထားရှာတယ်။ 'အေးချမ်း'ကလည်း တဖြည်းဖြည်းနဲ့ ဒီကိစ္စကို သွေးအေးသွားတယ် ထင်ပါရဲ့။ လက်ရှိဘဝမှာ နေသားကျလာပြီးတော့ သူ့မိဘတွေအကြောင်းကို နည်းနည်းလေးတောင် ပြန်မဟ,ခဲ့ဘူး။ ကျွန်တော် စိတ်မကောင်းဖြစ်မှာစိုးလို့ ဂရုမစိုက်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအဝောာအတွင်းမှာ သူ့အတွက် ကျွန်တော် စိတ်ကူးထားတာတစ်ခုရှိတယ်။ ဖွင့်ပြောဖို့ ချိန်နေတာတော့ ကြာပြီ။ တစ်ရက်တော့ သတ္တိမွေးပြီး ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့မိတယ်။

"အေးချမ်း..."

ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတဲ့ သူကတော့ ကျွန်တော့်ကို လှည့်မကြည့်နိုင်ခဲ့ဘူး။

"ဟင်!!!"

"ငါတို့ ဖန်ပြွန်သန္ဓေနည်းနဲ့ ကလေးယူကြရအောင်။"

ဒီစကားကိုကြားမှ သူက အံ့ဩပြီး လှည့်ကြည့်‌လာတယ်။

"ဘာလို့လဲ!?"

"ကလေးရှိတော့ ငါတို့အိမ်ထောင်ရေးက ပိုစည်ကားပြီး ပျော်ဖို့ကောင်းသွားတာပေါ့။"

"ငါက ရပါတယ်။ မင်းက ဒီလိုနေရတာကို အဆင်မပြေလို့လား!?"

"ပြေတာပေါ့။ ဒါပေမဲ့ ငါက မင်းရဲ့ရင်သွေးလေးကို ပြုစုပေးချင်တာ။"

"ဘာလို့လဲ!? ဘာလို့ အဲ့လိုစဉ်းစားရတာလဲ!?"

"မင်းရဲ့မျိုးဆက်ကို မပြတ်စေချင်လို့။"

သူ့မျက်နှာက ညှိုးကျသွားတယ်။ သူ့အဖေပြောတဲ့စကားကို ပြန်သတိရသွားလို့ ထင်ပါရဲ့။

"ငါ့အတွက်က မလိုပါဘူး။ ဒါပေမဲ့ မင်းက ကလေးယူချင်တယ်ဆိုရင်တော့ မင်းရဲ့သုတ်ပိုးနဲ့ပဲ ယူလိုက်ပါ။ မင်းရဲ့ကလေးကလည်း ငါ့ရဲ့ကလေးပဲပေါ့။"

"မင်းက ငါ့ထက် ဉာဏ်ပိုကောင်းတယ်လေ။ ပြီးတော့ ပိုပြီးလည်း ချစ်ဖို့ကောင်းတယ်။ ဒီတော့ မွေးလာတဲ့ကလေးကို အဖက်ဖက်က ထူးချွန်အောင်လို့ မင်းဆီကပဲ ယူသင့်တယ်။"

အလွဲလေးများ                                                           (Mistakes)Where stories live. Discover now