ခွဲခွာခြင်း
(သို့)
နိဒါန်း
'ငါ့ကိုကြည့်ပြီးတစ်ခုခုပြောပါဦး မော်ကွန်း'အက်ကွဲနေသောအသံသဲ့သဲ့ဖြင့် စူးရှစကားစပြောလိုက်သည်။
တုန်ရီနေသော ငိုသံသဲ့သဲ့လေးနှင့် ဆို့နင့်နေသောမျက်ဝန်းတစ်စုံကို မော်ကွန်းဘယ်လိုနှလုံးသားမျိုးနဲ့ကြည့်ရက်မှာလဲ။ သူအရမ်းကြေကွဲနေတာ မော်ကွန်းသိသည်။ သူ့အတွက်မော်ကွန်းကဘယ်လောက်အရေးပါလဲဆိုတာသိသည်။သို့သော်...
'ငါတောင်းပန်ပါတယ် ငါ့ကိုGayဇာတ်မသွင်းပါနဲ့'
မော်ကွန်း မျက်လုံးစုံမှိတ်ကာ အော်ပစ်လိုက်တော့သည်။ ဒေါသအသံမပါပေမယ့် စိတ်ရှုပ်နေတဲ့အသံတော့ပါမည်။
မော်ကွန်းစကားကြောင့် စူးရှမှာ စကားသံပင်ထွက်မလာတော့.. ရှိုက်ရှိုက်ကာငိုနေတော့သည်။'ဟာ မဟုတ်ဘူး မဟုတ်ဘူး ငါမင်းကိုအဲ့လိုသဘောပြောတာမဟုတ်ဘူး'
စိတ်ထဲကနေ မဟုတ်ဘူးပြောနေမယ့် တကယ်တမ်းကျ မော်ကွန်းပါးစပ်မှစကားတစ်လုံးမှထွက်မလာခဲ့ပါ အံကိုကျိတ်လက်သီးကိုတင်းတင်းဆုတ်ထားရင်းသာ တင်းခံနေလိုက်သည်။
စူးရှဆိုတာမော်ကွန်း ၁၆နှစ်အရွယ်ကနေ အခုချိန်ထိ မော်ကွန်းနဲ့အမြဲတူတူရှိလာတဲ့လူတစ်ယောက်.. မော်ကွန်းအကြောင်းကို မော်ကွန်းထက်ပိုသိပြီး သူ့ကိုနားလည်ပေးနိုင်ဆုံးလူတစ်ယောက်...
ထိုသို့အရမ်းရင်းနှီးခဲ့ကြသည့်လူနှစ်ယောက်တစ်ရက်တည်းမှာပင် သူစိမ်းသာသာမက အချစ်ရ ဆုံးသူရဲ့ အမုန်းဆုံးလူအဖြစ်ပါစာရင်းသွင်းခံရတော့မည်။
မော်ကွန်းစိတ်ထဲကနေ ငါ့လိုလူကို မုန်းလိုက်ပါတော့စူးရှရယ်လို့သာ ဆုတောင်းနေမိသည်။ပတ်ဝန်းကျင်တွင် ငိုသံမှတစ်ပါး အရာအားလုံးငြိမ်သက်နေသည်။အတန်ကြာအောင်ငိုရှိုက်လို့ပြီးနောက်တွင် စူးရှ ဆုံးဖြတ်ချက်ကိုသေချာချလိုက်သည်။
ထို့နောက် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ
'ကောင်းပြီလေ အဆုံးသတ်ကြတာပေါ့'
စကားတစ်ခွန်းဆိုကာ လှည့်ထွက်သွားလေတော့သည်။'ဪ .. အခုလိုကြပြန်တော့ နှုတ်ဆက်စကားလေးတောင်မဆိုသွားဘူးပဲ'
ကျောခိုင်းသွားသောနောက်ကျောပြင်လေးကို ငေးကြည့်ရင်းမော်ကွန်းရေရွတ်လိုက်မိသည်။သူတကယ်စိတ်နာသွားလောက်ပါပြီ။ သူ့အသံကငိုလို့အားရ၍ထွက်လာသောအသံမဟုတ်သလို ပြောနေကျအတိုင်း ချွဲကာပြော၍လည်းမဟုတ် စူးရှအသံမှာ မာကျောသည် ပြတ်သားသည် တစ်ခုခုအားစိတ်နာ၍ပြောသည်နှင့် ဆင်တူသည်။ သို့သော် သူကျွန်တော့ကိုချစ်သေးသည်။ တစ်ဆက်ထဲမှာပင် သူကျွန်တော့ကိုမုန်းသည်။ ထိုသို့ဆိုသည်ထက် ကျွန်တော်ပြောလိုက်သော ဂေးဆိုသည့်စကားကို သူမုန်းခြင်းဖြစ်သည်။
သူမရှိသည့်ပတ်ဝန်းကျင်ဟာ ကျွန်တော့အတွက်အတွက်တော့ သုသာန်တစပြင်လိုပင်..
လေပြင်းတိုက်ခတ်သံသဲ့သဲ့ နဲ့အတူ Juneလရဲ့မိုးက အစပျိုးစပြုလို့လာခဲ့ပြီ..
'ချစ်ရသူကိုဆုံးရှုံးခဲ့တဲ့ ကျွန်တော့အတွက် မိုးသဲပေးပါ.. သူနဲ့ပက်သက်တဲ့အမှတ်တရများစွာကို မိုးရေနဲ့အတူချေဖျက်လိုက်ချင်လို့ပါ....'
***********************
(Maw Khun)
ကျွန်တော်ကသာမာန်လူတစ်ယောက်။ ပိုက်ဆံကလည်းမရှိ မိဘကလည်းမစုံမလင်နဲ့။ပြီးတော့ အမေနဲ့ ညီမလေးကိုငဲ့ရသေးတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်အလိုလိုက်လို့မဖြစ်ဘူး။ ကျွန်တော့ဘဝအတွက် ကျွန်တော်တစ်ခုခုကိုရွေးချယ်ရမယ်။
အချစ်လား!
ဘဝလား!(Sue Sha)
လူအသိုင်းအဝိုင်းကလက်မခံတဲ့ လိင်တူချစ်ကြိုက်တယ်ဆိုတာကြီးကို လက်ခံလာအောင် 'မော်ကွန်းနဲ့ ကျွန်တော်' မမကြီးတို့ကိုသက်သေပြချင်တယ်
သို့ပေမယ့်
ကျွန်တော်ဝန်ခံပါတယ်
'ဒီပွဲမှာကျွန်တော် ရှုံးတယ်'