ဒီနေ့မနက်စောစောနိုးလာခဲ့တယ်
မနေ့ကအမေ့ဆီကကြားခဲ့တာကဘေးအိမ်ကိုလူအသစ်တွေပြောင်းလာကြတယ်ဆိုပဲ နည်းနည်းတော့စပ်စုချင်မိသည် ပတ်ဝန်းကျင်ကိုလူသစ်တွေပြောင်းလာတာပထမဦးဆုံးကြုံဖူးတာမို့လို့
အိမ်အောက်ထပ်မှာအကိုတစ်ယောက်ရဲ့အသံကိုကြားလိုက်ရသည် စပ်စုချင်စိတ်ကထိန်းမရတာမို့လှေကားကနေအောက်ကိုချောင်းကြည့်မိသည် အကိုတစ်ယောက်ပဲအမေ့ကိုပြုံးပြနေသည်မှာချစ်စဖွယ်အတိ အောက်ထပ်အထိတော့ဆင်းမသွားဖြစ်ပါအိပ်မှူန်စုံဖွားပုံစံကို သူစိမ်းတစ်ယောက်ကိုမြင်စေလို့မဖြစ်ဘူးမလား
မေမေအိမ်ထဲဝင်လာတော့'အမေ ဘယ်သူလဲ'
'အော် ဟိုဘက်အိမ်မှာလူသစ်တွေပြောင်းလာတယ်လေ
ယောက်ျားလေးတွေချည်းပဲဆိုပေမယ့်ကောင်လေးကဖော်ရွေပါတယ် ညည်းလည်းသိပ်မရောနဲ့နော်''အမေရယ် သမီးကအိမ်ထဲကထွက်ရှာတယ်ဆိုတော့'
ထိုစကားသည်အပိုပြောလိုက်ခြင်းမဟုတ်
တကယ်လည်းအိမ်ပြင်ထွက်ခဲပါသည် အိမ်ပြင်တောင်မဟုတ်ပါအခန်းပြင်တောင်ထွက်ခဲလွန်းသည် ရေချိုးထမင်းစားကလွဲလို့အခန်းပြင်မထွက်တတ် အခန်းထဲမှာတစ်ယောက်တည်းနေရတာကိုပိုသဘောကျသည်
ကိုယ်ကကျောင်းသူမို့နွေရာသီလေးပဲအိမ်မှာနေရတာ ကျန်တဲ့အချိန်တွေဆိုကျူရှင်နဲ့ကျောင်းကိုပတ်သွားနေရတာ
ဘာလိုလိုနဲ့ ၉ တန်းကျူရှင်တက်ရတော့မယ်
ကိုယ့်အတွက်ကစိတ်ရှုပ်စရာပဲ ၉ တန်းကိုသိပ်မုန်းတာ
ခင်ရတဲ့သူငယ်ချင်းတွေကိုတစ်စစီကွဲအောင်လုပ်ခဲ့သည်မို့လား၉တန်းဦးဆုံးနေ့မှာကောင်မလေးတစ်ယောက်ပဲကျူရှင်ရောက်သေးသည် ကိုယ်လည်းမသိချင်ယောင်ဆောင်ရင်းဝင်ထိုင်လိုက်သည် သူက နောက်ဆုံးတန်းနားလောက်မှာကိုယ်ကဒုတိယတန်းမှာဝင်ထိုင်လိုက်တယ် နောက်တော့ကောင်မလေးတစ်ယောက်ကထပ်ရောက်လာသည် သူကတော့ပထမဆုံးတန်းမှာထိုင်နေတယ်
သူကကိုယ့်ကိူမေးလာတယ် ဖတ်စာအုပ်တွေပါလားတဲ့ အင်းပါတယ်ပေါ့ မသိတဲ့သူတွေနဲ့ပြောလေ့ပြောထသိပ်မရှိ မျက်နှာထားကလည်းတင်းသူမလား သူကဖတ်စာအုပ်တွေမပါဘူးတဲ့ ကိုယ့်ကိုဖုန်းလေးပါရင်ခဏငှားပါတဲ့ သူ့အမေကိုလာပို့ခိုင်းချင်လို့တဲ့ကိုယ်လည်းအပန်းမကြီးတာမို့ အင်း ဆက်ပေါ့ ဒီလိုနဲ့ဆရာရောက်လာတယ် စာသင်မယ်ထင်ပြီးစာအုပ်တွေဘာတွေထုတ်ပေါ့ ပြီးမှဆရာကကျူရှင်အကြောင်းပြော စည်းကမ်းချက်တွေပြောပြတာပေါ့ ဆရာကရယ်စရာတွေလည်းပြောပါသည် ဆရာရဲ့အပြောကြောင့်ခုနကဖုန်းငှားဆက်တဲ့ကောင်မလေးဒုတိယတန်းကိုရောက်လာပါသည်
သူ့နာမည်က ရွှေရတီတဲ့ သူမကခင်ဖို့ကောင်းတယ် ကိုယ်နဲ့အကြိုက်ချင်းလည်းတူသလိုစရိုက်ချင်းကအတူချည်းမဟုတ်သော်လည်းသိပ်မကွာလှပါ
ဒီလိူနဲ့စာတွေဘာတွေသင်အိမ်ပြန်လာတော့ ကိုယ်လည်းအိမ်ထဲဝင်မယ်အလုပ်ကိုယ့်ကိုလှမ်းခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ဘေးအိမ်ကအကိုကြီး
သူကစကားတွေပြောကိုယ်လည်းစကားတွေပြောရင်းနှီးသွားကြတယ်ပေါ့ သူ့နာမည်ကသော်သော်တဲ့
YOU ARE READING
ချစ်ခဲ့မိတယ်ဟုစတင်ပါသည်
Romanceဒါ normal ပါ ပထမဆုံးမလို့အမှားအယွင်းများပါခဲ့ရင်ကြိုတောင်းပန်ပါတယ်