- 1 -

47 3 0
                                    

"သူမကို ရိုက်နှက်လိုက်ကြစမ်း"

အမိန့်ပေးလိုက်သူ၏ မိန့်ခွန်းသည် ခစားနေကြသော လူတစ်စုကြားပြန့်နှံ့သွားပြီး အုံကြွလာကြသည်။

အချိန်တစ်ခုအထိ အကုန်လုံး ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီးနောက် ပြောရဲဆိုရဲရှိသူ အမတ်တစ်ဦးက တိတ်ဆိတ်နေသော လေထုကိုစတင်ဖြိုခွဲလိုက်သည်။

"မလုပ်သင့်ကြောင်းပါ မင်းသား။ အဆင့်သုံးအမတ်ကြီးရဲ့သမီးပါ။ သာမန်လူတန်းစားမဟုတ်ကြောင်းပါ။ ပြန်လည်ချင့်ချိန်ပါ မင်းသား"

"ဒီနေရာမှာ ဘယ်သူ့ကို ပြန်အမိန့်ပေးနေရတာလဲ..
အစောင့်တွေ! ခုချက်ချင်း Choiအမတ်ကြီးကို ရိုက်နှက်လိုက်ကြစမ်း..မှတ်လောက်သားလောက်အောင်"

"မင်းသား!! မလုပ်ပါနဲ့ခင်ဗျာ..မင်းသားးး!!"

×

"ဟဲ့ ဒိုဘုံနဲ့ဂျီယောင်း..ဟိုသတင်းကြားပြီးကြပြီလား"

"နင့်ဟာကလည်း အစမရှိအဆုံးမရှိနဲ့..ငါတို့ကဘာကိုကြားပြီးရမှာလဲ"

"အေးလေ ပြောပါအုံး။ ဘာသတင်းလဲ??"

"ဟာ နင်တို့ကလည်း.. အခုမြို့တော်ထဲမှာ တအားပြန့်နေတဲ့သတင်းမို့ ဒီလောက်ပြောရုံနဲ့နင်တို့သိလောက်မယ်ထင်တာလေ။ ဟို..အိမ်ရှေ့စံမင်းသားအကြောင်းလေ"

ထိုမိန်းကလေးက ထိုမျှသာပြောလိုက်ရုံနှင့် နား‌ထောင်‌နေသော ကျန်မိန်းက‌လေးနှစ်ယောက်က ချက်ချင်းနားလည်သွားပုံရှိဟန်..။

"အာ..ကြင်ရာဖက်ရွေးပွဲဆိုတာမလား?? ဘာလဲ နင်သွားပြိုင်ကြည့်မလို့လား"

"ဟာ..မဟုတ်ရပါဘူး။ ငါကပြောပြတာပါ။
ဟိုတစ်လောက ရိုက်နှက်ဒဏ်အပေးခံရတဲ့ ပြိုင်ဖို့လာတဲ့မိန်းက‌လေးတွေကိုကြည့်ပါလား..ငါတော့သူတို့လိုအဖြစ်ခံစရာလား!

အပြစ်လည်းမရှိပါပဲ သူသ‌ဘောမကျတာလေးကြောင့် အဲ့လိုလုပ်ရသတဲ့လေ..သူ့ညီတော်မင်းသားလေးနဲ့များတစ်ခြားစီပါပဲ"

"ရားး..ဆီနဲ့ရေကိုနှိုင်းနေတာအချိန်ပဲကုန်တယ်"

×

You've reached the end of published parts.

⏰ Last updated: Jan 02, 2021 ⏰

Add this story to your Library to get notified about new parts!

The DestinyWhere stories live. Discover now