ဖယောင်တိုင်မီးအနည်းငယ်ထွန်းထားပြီးအလင်းရောင်အနည်းငယ်သာရှိတဲ့အခန်းကြီးတစ်ခုနံရံပတ်ပတ်လည်မှာကလေးရုပ်မျိုးစုံနဲ့အရုပ်တွေကြားထဲလူသားအစစ်
လသားအရွယ်ကနေ10နှစ်သားအရွယ်ထိကလေးအလောင်းတွေအများကြီးချိတ်ဆွဲထားတယ်အဲ့လိုခြောက်ခြားစရာအခန်းအလယ်တည့်တည့်ရဲ့ခုံပေါ်မှာမေ့မျောနေပြီး
လက်နှစ်ဖက်ရောခြေထောက်နှစ်ဖက်ပါကြိုးချည်ခံထားရတဲ့Xiao Zhanအချိန်အနည်းငယ်ကြာတော့Xiao Zhanမျက်လုံးလေးပွင့်လာတယ်
နိုးနိုးချင်းမြင်လိုက်ရတဲ့ဖြူစုတ်စုတ်နဲ့သွေးမရှိတော့သလိုဖြစ်နေတဲ့ကလေးအလောင်းတွေရယ်ဘေးကသွေးချင်းချင်းနီရဲနေတဲ့အရုပ်တွေXiao Zhanအသံမထွက်ရဲလောက်အောင်ကြောက်ရွံမှုတွေနဲ့Yiboကိုသာတနေမိတယ်
"Yi Yiboငါကြောက်တယ် ဟင့်..ဘာတွေလည်းထုံမင်ချန်ရန်ရင်ရင်မင်းတို့ရောလာကယ်ကြပါ ငါ့ကိုကယ်ကြပါ ..ဟင့် "
Xiao Zhanတိုးတိုးလေးရေရွတ်ရင်းမျက်ရည်ကျမိတယ်တကိုယ်လုံးကလှုပ်လို့မရသလိုအော်လည်းမအော်ရဲစိတ္တစလူသတ်သမားဖြစ်နေမယ်ဆိုရင်သူ့အော်သံကြောင့်သူ့ကိုချက်ချင်းသတ်ပစ်နိုင်တယ်
သူမသေချင်သေးပါချစ်ရတဲ့သူတွေနဲ့တူတူအကြာကြီးနေချင်သေးတယ်
စိတ်ထဲကနေတစ်ယောက်ယောက်လာကယ်ဖို့သာဆုတောင်းနေမိတယ်
Yibo side
Yiboရောက်နေတဲ့နေရာကအရွက်အနည်းငယ်သာရှိတဲ့သစ်ပင်ခြောက်တွေကြား
ပြည့်ဝနေတဲ့လမင်းကြီးအောက်မှာအရာအာလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်Yibo mind *Zhan Zhan ရော ချန်ရန် ထုံမင် ရင်ရင်တို့ရော ဒီခြံကြီးထဲမဝင်ခဲ့ပါဘူး ဘာလို့ဒီရောက်နေရတာလဲZhan Zhanတို့ရောဘယ်ရောက်နေတာလဲအန္တရာယ်ရောကင်းပါ့မလားမဖြစ်ဘူးZhan Zhanအရမ်းကြောက်နေမှာ*
"Zhan Zhan!!"
"ချန်ရန်!!"
"ထုံမင်!!"
"ရင်ရင်!!""မင်းတို့ဘယ်မှာလဲ"
Yiboအော်ခေါ်ရင်းလိုက်ရှာနေတယ် နောက်ဆုံးတော့အိမ်ကြီးထဲဝင်ရှာဖို့ဆုံးဖြတ်လိုက်တယ်
YOU ARE READING
Unexpectedness
Horrorသူငယ်ချင်းတစ်ဖွဲ့ရဲ့အပျော်လေ့လာရေးခရီးတစ်ခုကနေပြောင်းလဲသွားတဲ့ထိတ်လန့်ကြောက်ရွံ့စရာအခြေအနေတစ်ခုဆီသို့...... သူငယ်ချင်းတစ်ဖွဲ့ရဲ့အပျော်လေ့လာရေးခရီးတစ်ခုကနေပြောင်းလဲသွားတဲ့ထိတ်လန့်ကြောက်ရွံ့စရာအခြေအနေတစ်ခုဆီသို့......